မက်ဂွိုင်းရားကတော့ ကြံ့ခိုင်မှု အမြန်ပြည့်ဝဖို့ ကြိုးစားရမှာပါ။

ယူနိုက်တက်နဲ့ အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းရားဟာ ယူရိုပြိုင်ပွဲအမီ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာဖို့အတွက် မိသားစုနဲ့အတူ အားလပ်ရက်ကာလမယူခဲ့ကြောင်း သိရှိရပါတယ်။ ဒီကြားထဲမှာ မက်ဂွိုင်းရားက ကြံ့ခိုင်မှုပြည့်ဝဖို့ကိုပဲ ဦးစားပေးသွားမှာပါ။



အဆိုပါ အင်္ဂလန်ဗဟိုနောက်ခံလူဟာ ကြွက်သားဒဏ်ရာကြောင့် ယူနိုက်တက်အတွက် မကစားပေးနိုင်ခဲ့တာ တစ်လခန့်ရှိလာပါပြီ။ ဒါပေမယ့် ယူရိုပြိုင်ပွဲအတွက် ဆန်ခါတင် ကစားသမားစာရင်းမှာတော့ မက်ဂွိုင်းရားက ပါဝင်နေဆဲဖြစ်ပါတယ်။

မက်ဂွိုင်းရားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူနိုက်တက်ရဲ့ အရေးပါတဲ့ ဗဟိုနောက်ခံလူအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဆောက်ဂိတ်က သူ့ကို ထည့်သွင်းရွေးချယ်ခဲ့တာဖြစ်ပြီး မက်ဂွိုင်းရားရဲ့ ဒဏ်ရာ အခြေအနေကို နောက်ဆုံးအချိန်အထိ စောင့်ကြည့်ခေါ်ယူသွားဖွယ်ရှိပါတယ်။

လက်ရှိအချိန်မှာတော့ အင်္ဂလန်က ကစားသမားတွေဟာ သူတို့ရဲ့ မိသားစုဝင်တွေနဲ့အတူ အားလပ်ရက်ကာလကို ကုန်ဆုံးနေကြပါတယ်။ အင်္ဂလန်ဟာ လာမယ့် ဇွန်လမှာ ယူရိုပြိုင်ပွဲအတွက် ဂျာမနီနိုင်ငံကို သွားရောက်ရတော့မှာပါ။

အင်္ဂလန်ဟာ နောက်ဆုံးကစားထားတဲ့ ယူရို - ၂၀၂၂ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့တဲ့ အသင်းပါ။ ဗိုလ်လုပွဲမှာတော့ အင်္ဂလန်တို့ အီတလီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပါတယ်။

Share

Loading Next Article...
က္က