အီတလီတို့ ၂-၁ ဂိုးနဲ့ နိုင်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အီတလီနဲ့ အယ်လ်ဘေးနီးယားတို့ရဲ့ပွဲမှာ အီတလီက ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ အီတလီအတွက် ဂိုးတွေကို ဘာစတိုနီ၊ ဘာရီလာတို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။



ဒီပွဲရဲ့ (၂၂) စက္ကန့်မှာတင် အီတလီနောက်ခံလူ ဒီမာကို လက်ပစ်ဘောကတစ်ဆင့် လူပေးမှားခဲ့ပြီး ဒီအခွင့်အရေးကို အယ်လ်ဘေးနီးယားက ဘာဂျာရာမီက မိမိရရ အသုံးချပြီး ဦးဆောင်ဂိုးရခဲ့ပါတယ်။ မထင်မှတ်ဘဲ ဦးဆောင်ဂိုးရခဲ့ပေမယ့် အယ်လ်ဘေးနီးယာားတို့ ဒီအခွင့်အရေးကို ကြာကြာမထိန်းနိုင်ခဲ့ပါဘူး။

ပွဲကစားချိန် (၁၁) မိနစ်မှာ ဘာစတိုနီက ထောင့်ကန်ဘောကတစ်ဆင့် ခေါင်းတိုက် သွင်းယူခဲ့ပြီး အီတလီတို့ ချေပဂိုးရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ဆက်တိုက်ဆိုသလိုပဲ ပွဲကစားချိန် (၁၆) မိနစ်မှာ ဘာရီလာက ဧရိယာအပြင်ကနေ အပြင်းကန်ချက်နဲ့ အီတလီအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

အီတလီတို့ နောက်ထပ်ဂိုးတွေထပ်ရဖို့ အခွင့်အရေးရှိခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေ အသုံးမချနိုင်တာ၊ အယ်လ်ဘေးနီးယားဂိုးသမား လက်စွမ်းပြခဲ့တာတွေကြောင့် နစ်နာခဲ့ရပါတယ်။ ဒုတိယပိုင်းမှာလည်း အီတလီတို့ ဂိုးထပ်မရတော့ဘဲ ၂-၁ ဂိုးနဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီပွဲမှာ အီတလီတို့ရရှိခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးစလုံးကို အင်တာမီလန် ကစားသမားတွေကပဲ သွင်းယူပေးခဲ့တာက တိုက်ဆိုင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ စပိန်က ခရိုအေးရှားကို အနိုင်ကစားခဲ့ချိန်မှာ အီတလီကလည်း နိုင်ပွဲရှာတွေ့ခဲ့တာကြောင့် အဇူရီတို့ နောက်တစ်ဆင့်အတွက် အခြေအနေကောင်းသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က