သတ်ရတဲ့ အကြောင်းကိုတော့ မသိသေးပါဘူး။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် တိုက်ခန်းတစ်ခုအတွင်းမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ အသတ်ခံရမှုမှာ ကျူးလွန်သူကို ၂၄ နာရီအတွင်း ဖမ်းမိခဲ့ပြီလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။



Photo - Yangon Police

ုဇနဥယျာဉ်မြို့တော်၊ အေ (၉)လမ်း၊ တိုက် (၅/၂၀၄) ရှိ ဧည့်ခန်းအတွင်းမှာ မွေ့ရာဆိုင် အရောင်းဝန်ထမ်း အသက် ၂၇ နှစ်အရွယ် ဟိန်းမင်းအောင်နဲ့အသက် ၂၃ နှစ်အရွယ် မြင့်မြင့်ဝင်းတို့ကို ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရှိခဲ့ရပါတယ်။

အသတ်ခံရသူတွေဟာ ကုမ္ပဏီဝန်ထမ်းတွေဖြစ်ကြပြီး ရုံးကိုရောက်မလာတာကြောင့် နေအိမ်ကိုလိုက်လာကာ စုံစမ်းရာကနေ ထိုးသွင်းဒဏ်ရာတွေနဲ့သေဆုံးနေတာ တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့၊ မွန်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ တနသာၤရီတိုင်းရဲတပ်ဖွဲ့တို့ ချိတ်ဆက်ကာ ပြစ်မှုကျုးလွန်သူကို ဖော်ထုတ်ဖမ်းဆီးရာမှာ မတ်လ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်လောက်က ကျုးလွန်သူ ထက်ရှိုင်း (ခ) ဖိုးထက်ကို မြိတ်မြို့နယ် ဒညက်ကျေးရွာအုပ်စု၊ စနေထောင့်ကျေးရွာမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

အမှုကို ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းမှူးမှ တရားလိုပြုလုပ်ပြီး ဒဂုံဆိပ်ကမ်း မြို့မရဲစခန်း (ပ)၄၁၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ဖြင့် အမှုဖွင့်အရေးယူခဲ့ထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က