စိုင်းစိုင်းဟာ လူပင်လယ်ကြီးလို ဖြစ်နေတဲ့ ပရိသတ်တွေကို စင်ပေါ်ကနေ ဖျော်ဖြေချင်တာ သူ့ရဲ့ ငယ်ဘဝရဲ့ အိမ်မက်ပါတဲ့.
Photo : စိုင်းစိုင်း FB
စိုင်းစိုင်းဟာ ဒီဇင်ဘာ(၃၁) ရက်နေ့ မိုင်ဒါကွင်းမှာ ကျင်းပတဲ့ Myanmar Count Down ပွဲမှာ ပရိသတ်တွေနဲ့အတူ ပျော်ခဲ့တာပါ။ အဲ့ဒီပွဲမှာ ဖျော်ဖြေရင်း သူ့ရဲ့ သူ့ရဲ့ ငယ်ဘဝက အိမ်မက်တစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့အတွက် ပီတိတွေ ဖြစ်လို့နေပါတယ်။ သူ့ရဲ့ ငယ်ဘဝအိမ်မက်အကြောင်းကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ပြောပြထားပါတယ်။
“၂၀၁၉ ရဲ့ ပထမဆုံးဓာတ်ပုံ ပရိသတ်များနဲ့ ဒီလိုမျက်စိတဆုံး လူပင်လယ်ကြီးကိုဖျော်ဖြေခွင့်ရဖို့ဆိုတာ ကျနော့်ရဲ့ ငယ်ဘဝအိပ်မက်တစ်ခုလည်းဖြစ်ပါတယ် မနေ့က Myanmar Count Down ကို လူဦးရေ ၄ သိန်းတက်ရောက်ပါတယ်တဲ့ ပရိသတ်တွေ အော်တဲ့ စိုင်းစိုင်းဆိုတဲ့ အသံဟာ ၂၀၁၉ တစ်နှစ်လုံးကို ရင်ဆိုင်ဖြတ်သန်းဖို့ လုံလောက်တဲ့ ခွန်အားကိုပေးနိုင်စွမ်းပါတယ်အားလုံးလက်တွေ လေထဲမှာမြှောက်ထားလိုက်ကျွန်တော်တို့အတူတူ ပျံသန်းကြပါစို့” ဆိုပြီး ဇန်နဝါရီ(၁)ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားပါတယ်။
Photo : စိုင်းစိုင်း FB
စိုင်းစိုင်းက လက်ရှိမှာပွဲတွေ တက်ဖြစ်နေသလို Media 7 နဲ့ အတူ ပထမဆုံးတွဲပြီး ဇာတ်ကားရိုက်ကူးဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီဇာတ်ကားမှာ မင်းသမီး(၁၂)ယောက်နဲ့ ရိုက်ကူးဖို့ စီစဉ်နေတယ်ဆိုတဲ့ အကြောင်းကိုလည်းmedia 7 ရဲ့ ထုတ်လုပ်သူ ကိုဝေမင်းမောင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာတွေ့ရပါတယ်။
“သြော်စိုင်းစိုင်းခမ်းလှိုင်နဲ့ Myanmar Media 7 ပေါင်းပြီး ဇာတ်လမ်းတစ်ခါမှမရိုက်ဖြစ်ဘူး။ အခုရိုက်ဖို့ စီစဉ်တော့လည်း မင်းသမီး ၁၂ယောက်ကြီးများတောင်ကိုစိုင်းနဲ့ ရွှေမန်းနှစ်ယောက်ပေါင်း ဇာတ်တောင်းပြီဆို အဲ့လိုဇာတ်ပေးမယ်လို့များကြံထားရလေသရော်လားဗျာ ဒီလူအဖွဲ့နဲ့တော့ ကောင်းမယ်လို့တော့ ယုံတယ်။မြန်မြန်တော့အကောင်အထည်ဖော်နိုင်ကောင်းပါရဲ့” ဆိုပြီး ဒီဇင်ဘာ(၁၄) ရက်နေ့ရေးသားခဲ့တာပါ။ ပရိသတ်တွေကလည်း အဲ့ဒီဇာတ်ကားက ဘယ်လိုဖြစ်မလဲဆိုတာ တွေးပြီးရင်ခုန်နေကြပါတယ်။
Photo : စိုင်းစိုင်း FB
စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီမှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ ခုနှစ်မှာ Sai Sai Birthday ၊ ၂၀၀၉ ခုနှစ်မှာ အဲဗားဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း သီဆိုထားသူ တစ်ဦး လည်း ဖြစ်ပါတယ်။
Photo : စိုင်းစိုင်း FB
သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ်ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာ စီးပွားရေး အနေနဲ့ Frezon Production မှာလည်း ဦးဆောင်သူတစ်ဦးဖြစ်ပြီး SAI Cosmetix ရဲ့ ထုတ်လုပ်သူလည်းဖြစ်ပါတယ်။