စိုးပြည့်သဇင်ဟာ ဆယ်နှစ်တာ ဖြတ်သန်းခဲ့ရတဲ့ အနုပညာခရီးလမ်းက အမှတ်တရတွေကို ဖွင့်ပြောပြလာပါတယ်။ သူမဟာ လက်ရှိမှာ အသက် ၂၅ နှစ်သာရှိပါသေးတယ်။
Photo: စိုးပြည့်သဇင်
သရုပ်ဆောင် စိုးပြည့်သဇင်က သူမရဲ့ အနုပညာခရီးလမ်း ဆယ်နှစ်တာ အမှတ်တရလေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီအချိန်ထိ ချစ်ကြတဲ့ ပရိသတ်တွေကိုလည်း သူမဘက်က အချစ်မလျှော့ဘူးလို့ ဆိုပါတယ်။
‘’ဆယ်နှစ်တာ ခရီးအမှတ်တရပေါ့လေ။ အခုချိန်ထိချစ်တဲ့သူများကိုလည်းကျေးဇူးပါနော်။ ကိုယ့်အပေါ်တကယ်ချ စ်သူများကိုလည်း ဒီ့ထက်ပိုတန်ဖိုးထားမယ်’’ ဆိုပြီးတော့ ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၇ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၀၉ ခုနှစ်က ဓာတ်ပုံနဲ့ ၂၀၁၉ ခုနှစ်က ပုံလေးတွေကို ယှဉ်ပြီး ဖေ့စ်ဘွတ်ပေါ်မှာ တင်ခဲ့ပါသေးတယ်။
Photo: စိုးပြည့်သဇင်
အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီ ရရှိခဲ့သူဖြစ်ပါတယ်။ သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာအလုပ်တွေလုပ်ခဲ့သူပါ။ စိုးပြည့် အကယ်ဒမီရခဲ့တဲ့ ဇာတ်ကားက "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ပါ။ သီချင်းနဲ့ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။
Photo: စိုးပြည့်သဇင်
လက်ရှိမှာတော့ စိုးပြည့်သဇင်က စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်တို့နဲ့ အတူ မင်းသမီးပိုးထည်တိုက်ဆိုတဲ့ ပိုးထည်ဆိုင်ကိုဖွင့်ထားပါတယ်။ စာမေးပွဲဖြေပြီးသွားပြီဖြစ်လို့ မကြာခင်မှာ အနုပညာအလုပ်တွေ ပြန်လုပ်နိုင်ဖို့အတွက် သူ့ရဲ့ ပရိသတ်တွေက မျှော်လင့်နေတယ်လို့ သိရပါတယ်။
Photo: စိုးပြည့်သဇင်
စိုးပြည့်သဇင်က ကျောင်းပညာရေးကို ဦးစားပေးနေရတာကြောင့် ဂီတအလုပ်တွေနဲ့ ပတ်သက်ပြီး အနည်းငယ် လျော့နည်းခဲ့တာကို တွေ့ရပါတယ်. အခုချိန်မှာတော့ ကျောင်းစာမေးပွဲလည်း ဖြေဆိုပြီးခဲ့ပြီဖြစ်လို့ ဂီတအလုပ်တွေပြန်လုပ်နေပြီဖြစ်ပါတယ်. မကြာခင်မှာလည်း သူ့ရဲ့ သီချင်းအသစ်လေးကို ပရိသတ်တွေ နားဆင်ရဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။