ပဲခူးမြို့က အ.ထ.က ၃ မှာ တက်ခဲ့သူပါတဲ့။

တိုင်ရွန်က အထက်တန်းကျောင်းသားဘဝက ပညာသင်ကြားခဲ့ရတဲ့ ကျောင်းအတွက် လိုအပ်တာတွေပြင်ဆင်နိုင်ဖို့ အလှူငွေ လှူခဲ့တယ်လို့ဆိုပါတယ်။ ငယ်ငယ်က ပညာသင်ကြားပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေနဲ့ ဆုံရလို့လည်း ဝမ်းသာပျော်ရွှင်နေပါတယ်။

Photo: တိုင်ရွန်



သရုပ်ဆောင် တိုင်ရွန်က ပဲခူးမြို့မှာရှိတဲ့ အ.ထ.က(၃) အမျိုးသားတန်းမြင့်ကျောင်းအတွက် လိုအပ်တာတွေ ပြုပြင်နိုင်ဖို့ အလှူငွေပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီကျောင်းကတော့ အထက်တန်းကျောင်းသားဘဝတုန်းက သူတက်ခဲ့တဲ့ ကျောင်းပါတဲ့။

‘’ကျွန်တော်ကြီးပြင်းခဲ့ရာ ပညာတတ်တစ်ယောက်ဖြစ်ဖို့ မွေးထုတ်ပေးခဲ့တဲ့ ပဲခူးမြို့ အ.ထ.က(၃) အမျိုးသားတန်းမြင့်ကျောင်းကြီးကိုပြန်ပြီး အလှူ ငွေများ ပေးအပ်လှုုဒါန်းခဲ့ပါတယ်။ တတ်နိုင်သလောက်ကျေးဇူးဆပ်ခွင့်ရတာပါ’’ ဆိုပြီးတော့ ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၁၁ နာရီ ၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: တိုင်ရွန်

တိုင်ရွန်ဟာ သူတက်ခဲ့တဲ့ကျောင်း နဲ့ သူ့ကို ပညာတွေသင်ကြားပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေနဲ့ ပြန်ဆုံတွေ့ချိန်မှာတော့ ဝမ်းသာပျော်ရွှင်လို့နေပါတယ်။ အဲ့ဒီနောက် ကျောင်းက ဖွဲ့စည်းထားတဲ့ အနုပညာကျောင်းသားဟောင်း အဖွဲ့မှာလည်း အမှုဆောင်အနေနဲ့ ပါဝင်ဆောင်ရွက်နေတယ်လို့ သူကဆိုပါတယ်။

‘’ငယ်ဘဝဆရာသမားများနဲ့ပြန်တွေ့ဆုံရလို့ အရမ်းပျော်တယ်ဗျာ။ ကျောင်းကဖွဲ့စည်းထားတဲ့ အနုပညာ ကျောင်းသားဟောင်းအဖွဲ့စည်းမှာလည်း အမှုဆောင်တစ်ယောက်အဖြစ် တာဝန်ပေးအပ်ခြင်းခံရလို့ အတိုင်းမသိဝမ်းသာမိပါတယ်။ ကျောင်းအတွက်တတ်နိုင်သလောက် ကြိုးပမ်းပါ့မယ်။ ဆရာ ဆရာမ များအားလုံးကို အစဉ်လေးစားကြည်ညိုရှိခိုးကန်တော့ပါတယ်’’ ဆိုပြီးတော့ ဆက်လက်ရေးသားခဲ့ပါတယ်။

Photo: တိုင်ရွန်

တိုင်ရွန့်ကိုတော့ အားပေးကြတဲ့ ပရိသတ်တွေထဲမှာ မိန်းကလေး ပရိသတ်တွေသာမက ယောကျ်ားလေး ပရိသတ်တွေပါ ရှိပါတယ်။ သူ့ရဲ့ အနုပညာအကြောင်းအရာနဲ့ ပတ်သက်ပြီး အမာခံပရိသတ်လေးတွေရဲ့ ဝေဖန်အကြံပြုမှုတွေ အပေါ်မှာလည်း ပြင်ဆင်ဖြစ်တယ်လို့ ပြောပါတယ်။

'' အားပေးတဲ့ ပရိသတ်တွေထဲမှာ မိန်းကလေး ပရိသတ်တွေက များတယ်။ ကျွန်တော် ဘာလုပ်လုပ် ကောင်းတယ်လို့ပြောပြီး အားပေးကြတဲ့ Fan တွေလည်းရှိတယ်။ တချို့ကျတော့လည်း အစ်ကိုရေ ဒီအချက်လေးက မှားနေတယ်ဆိုပြီး ထောက်ပြပေးတဲ့ Fan တွေလည်း ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ပြောတာလည်း နားထောင်တယ်၊ ကိုယ်တိုင်လည်း ပြင်ဆင်ဖြစ်တယ်'' လို့ ဆိုပါတယ်။

Photo: တိုင်ရွန်

ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်းအနုပညာအလုပ်တွေနဲ့ အတူ ပရဟိတ အလုပ် တွေကိုလည်း စွမ်းစွမ်းတမံဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားတဲ့ တိုင်ရွန်က သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းက စပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင် ဇာတ်ကားတွေရိုက်ကူးနေတာ တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က