အောင်မင်းခန့် တစ်ယောက် ကျောင်းသားတစ်ယောက်ရဲ့ ဘဝအမှတ်တရတွေကို ပြန်လည် တွေးတောရင်း ပြောပြလာပါတယ်။ သူဟာ ကောင်မလေး ပရိသတ်တွေ အများကြီး ပိုင်ဆိုင်ထားတဲ့ မင်းသားချောလေး ဖြစ်ပါတယ်။
Photo: Aung Min Khant
မိန်းကလေး ပရိသတ်တွေ ဝိုင်းဝိုင်းလည်နေတဲ့ သရုပ်ဆောင် အောင်မင်းခန့်က ကျောင်းသားဘဝက အမှတ်တရ တွေကို အခုလို ပြောပြလာပါတယ်။ ကျောင်းပြေးလိုက်၊ ဂိမ်းဆော့ လိုက်က သူ့ရဲ့ ကျောင်းသားဘဝပဲ ဆိုတာကို Duwun Media ကနေပြောပြလာပါတယ်။
‘’ ကျောင်းသား ဘဝမှာတုန်းက ကျွန်တော် သူငယ်ချင်းတွေနဲ့ ကျောင်းပြေးတယ်၊ ဂိမ်းသွားဆော့တယ်၊ ဘောလုံးကန်တယ်။ ပေါက်ကရတွေ အကုန်လုပ်တယ်ဗျ။ ကျောင်းတက်တုန်းက အမှတ်တရတွေက တော်တော်ကို များပါတယ်’’ လို့ Time Square နာရီဆိုင် ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Aung Min Khant
အောင်မင်းခန့်က ကျောင်းတက်တဲ့ အရွယ်က အမှတ်တရတွေထဲကမှ ရည်းစားထားခဲ့ဖူးတဲ့ အမှတ်တရ ကိုလည်း ပြောပြခဲ့ပါသေးတယ်။
‘’ငယ်ငယ်တုန်းကတော့ ဘောလုံးကန်၊ ဂိမ်းဆော့ တာနဲ့ အချိန်ဖြုန်းတာ များတယ်။ စာပေးစာယူပေါ့ဗျာ ငယ်ငယ်တုန်းက ကိုယ်ကြိုက်တဲ့ ကောင်မလေးကို နှင်းဆီပန်းလေး ပေးလိုက်တယ်။ သူက သဘောကျလို့ ပြုံးသွားရင် ကိုယ်က ပီတိဖြစ်သွားရော’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့ပါတယ်။
Photo: Aung Min Khant
သရုပ်ဆောင် အောင်မင်းခန့်ဟာ သရုပ်ဆောင် နိုင်းနိုင်း ရဲ့ ညီဝမ်းကွဲတော်စပ်သူဖြစ်ပါတယ်။ သူ့ကိုတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် ခန္ဓာကိုယ်အချိုးအစားနဲ့ ရုပ်ရှည်ချောမောမှုတွေကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲ မင်းသားချောလေးတစ်ဦးလည်း ဖြစ်လာပါတယ်။
Photo: Aung Min Khant
အောင်မင်းခန့်က အခုဆိုရင် တီဗီကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးနေရသူဖြစ်ပါတယ်။ နောက်ထပ် ရုပ်သံဇာတ်လမ်းတွဲများစွာကိုလည်း ရိုက်ကူးနေရသူပါ။ အောင်မင်းခန့်ကို ‘’ထာဝရမန္တလေး’’ ၊ ‘’ဝင်္ကပါ စံအိမ်’’ ၊ ‘’ဝိညာဉ်ရှိုက်သံ’’ စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်အားပေးလာခဲ့တာဖြစ်ပါတယ်။