သရုပ်ဆောင် ခိုင်သင်းကြည်ကတော့ အနုပညာလောကထဲ စရောက်ခဲ့တဲ့ အချိန်က အလွဲလေးတွေကို ပြောပြခဲ့တာပါ။
Photo : Happy Heart
ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရရှိထားတဲ့ သရုပ်ဆောင်ခိုင်သင်းကြည်ကတော့ အနုပညာလောကထဲ ဝင်ချိန်တုန်းက အရမ်းကိုချေလွန်းလို့ ခင်ကြီးကျယ်လို့တောင် အခေါ်ခံရတယ်လို့ သိရပါတယ်။ မခိုင်လေးကတော့ အဲဒီလို ဖြစ်တာကလည်း အကြောက်လွန်ပြီး ချေသလို ဖြစ်နေတာလို့ ဆိုပါတယ်။
“အဲ့တုန်းကဆိုလေ မခိုင်လေးက နည်းနည်းလေးဂါနေတာနေမှာပေ့ါနော်။ ရုပ်ရှင်လောကဆိုတော့ ကြောက်တာလည်း ပါတယ်။ရုပ်တည်တည်ကြီးနေတာပေ့ါနော်။ ဓာတ်ပုံရိုက်ရင်လည်း ရိုက်တဲ့အချိန်လေးပဲ မင်းသားနားကပ်တယ်။ ရိုက်ပြီးပြီဆိုရုပ်တည်နဲ့ နေတာတော့ သူများတွေက အမြင်ကပ်တာပေ့ါ။ ကိုယ်သာဆိုလည်း ဘာလည်းပေ့ါနော်။အမှန်ကတော့ ကိုယ်က ကြိုကန်တာ။အခုသိတော့မှ ညီမလေး တစ်ယောက်လို ချစ်သွားကြတာ။အရင်တုန်းကဆိုရင် သူက ဘာလဲပေ့ါ။ တချို့ဆို အဆင်မပြေဘူးကိုယ့်ကို ကြည့်မရဘူးတောင်းပန်ပါတယ်”ဆိုပြီး ငယ်ငယ်က အကြောင်းတွေကို ပြန်ပြောရင်း မခိုင်လေးမှာ သဘောကျလို့ နေခဲ့ပါတယ်။
Photo : Happy Heart
ဂျူနီယာတစ်ယောက်အနေနဲ့ အနုပညာလောကထဲက စီနီယာတွေကို လေးစားသင့်ကြော င်းလည်း ပြောပြခဲ့ပါသေးတယ်။
“အမှန်တော့ ကိုယ်ကဂျူနီယာစီနီယာတွေကို လေးစားရမယ်။ ကိုယ်က အဲ့တုန်းက ချေနေသလို ဖြစ်နေတာ အမှန်တော့ ကြောက်နေတာအဲ့လိုမျိုးတွေ ဖြစ်နေတာပေ့ါ။ ကိုလူမင်းတို့ဆိုလည်း နာလည်ပေးတယ်။တချို့ဆို ကိုယ့်ကြည့်မရတာတွေရှိတယ်” ဆိုပြီး စက်တင်ဘာ(၂၇) ရက်နေ့က မခိုင်လေးရဲ့ မွေးနေ့မှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။
Photo : Happy Heart
ခိုင်သင်းကြည်(Khine Thin Kyi)ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီ့ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။