ဒီနေ့က သူ့ဖခင်ရဲ့ မွေးနေ့ပါတဲ့။

သူငယ်ငယ်တုန်းက ပုံလေးနဲ့အတူ ဖခင်အတွက် မွေးနေ့ဆုတောင်း စကားပြောထားတာပါ။ တိုင်ရွန်ဟာ သူဝါသနာပါတဲ့ အနုပညာအလုပ်နဲ့ မိဘနှစ်ပါးကို လုပ်ကျွေး ပြုစုခွင့်ရတာကို ဂုဏ်ယူနေသူလည်း ဖြစ်ပါတယ်။

Photo : တိုင်ရွန်



မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ တိုင်ရွန်က သူငယ်ငယ်က ပုံလေးနဲ့အတူ ဖခင်အတွက် မွေးနေ့ဆုတောင်းစကားလေး ပြောထားတာတွေ့ရပါတယ်။ ဒီနေ့(ဖေဖော်ဝါရီ၉ရက်)က တိုင်ရွန်ဖခင်ရဲ့ အသက်(၆၅)နှစ်ပြည့် မွေးနေ့ပါတဲ့။ ဖခင်အတွက် တိုင်ရွန်က ယခုလို မွေးနေ့ဆုတောင်းစကားလေး ပြောထားတာ ဖြစ်ပါတယ်။

“Happy birthday ပါ ပါပါး ❤️ ဘာလိုလိုနဲ့ 65 ပြည့်သွားပြီ ? ခုတိုင်းဘဲ ကျန်းကျန်းမာမာ ရှိနေပေးပါ “ ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo : တိုင်ရွန်

တိုင်ရွန်ဟာ သူဝါသနာပါတဲ့ အနုပညာအလုပ်နဲ့ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနေသူ တစ်ဦးပါ။ မိဘတွေရဲ့ အပြုံးက သူ့ကို အင်အားဖြစ်စေတဲ့အကြောင်း ရင်ဖွင့်ပြောပြထားပါသေးတယ်။

‘’ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ကြိုးစားခဲ့ ရင်း အသက် 25 မှာ မိဘနှစ်ပါးကို ပုခုံးပေါ်တင်ထားနိုင်ခဲ့ပြီ။ အမေအပြုံး၊ အဖေ့အပြုံးက သားချွေးကို တိတ်စေတယ်ဗျာ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက်အစောပိုင်း ၁၂ နာရီ ၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo : တိုင်ရွန်

တိုင်ရွန်ဟာ အနုပညာအလုပ်အပေါ် ရူးသွပ်တဲ့အတွက် အောင်မြင်မှုတစ်ခုရအောင် ကြိုးစားနေသူဖြစ်ပါတယ်။ သူ့အနေနဲ့ ဝါသနာပါတဲ့ အလုပ် လုပ်နေရတဲ့အတွက် ဒီအလုပ်နဲ့ပဲ သူ့ရဲ့ မိဘတွေကို ဂုဏ်ယူစေချင်ခဲ့တယ်ဆိုတာကို Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

''သူတို့ကို တီဗီပေါ်မှာ မြင်လို့ရတဲ့ မင်းသားတစ်ယောက်၊ အနုပညာရှင်တစ်ယောက်လို့ ဂုဏ်ယူစေချင်ခဲ့တာလေ။ သူတို့ ကိုယ်တိုင်လည်း ပြန်ကြားနေရတယ် ဆိုတဲ့ အခါကျတော့ ကျွန်တော်ကိုယ်တိုင်လည်း အနေအထိုင်မတတ်တာလည်း ပါ ပါလိမ့်မယ်။ ဒီကိစ္စကို မဖြေရှင်းတော့ပါဘူး။ ဖြေရှင်းလေ ပိုရှုပ်လေပဲ ဖြစ်တော့မယ် ဆိုတော့ ကျွန်တော့်အကြောင်းကို ကျွန်တော့် နောက်ကွယ်မှာပဲ ပြောပါစေ'' လို့ ဆိုပါတယ်။

Photo : တိုင်ရွန်

ပရိသတ်အားပေးမှုကို ရရှိထားတဲ့ တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားတဲ့ တိုင်ရွန်က သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာ တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က