ကားစမောင်းခွင့် ရဖို့ ထော်လာဂျီအရင်မောင်းခဲ့ရတာတဲ့။

ငယ်ငယ်တုန်းက ကားအရမ်းမောင်းချင်ပေမယ့် အဖိုးက ထော်လာဂျီမောင်းတတ်အောင် အရင်လုပ်ခိုင်းခဲ့တာလို့ ဆိုပါတယ်။ ကားမောင်းခွင့်ရဖို့ စိုင်းစိုင်းတစ်ယောက် ဘယ်လောက်ကြိုးစားခဲ့ရလဲဆိုတာကိုလည်း ပြောပြခဲ့ပါသေးတယ်။ တောဂေါ်လီ သီချင်းထဲက စာသားတွေက အဲဒီက လာတာတဲ့။

Photo : စိုင်းစိုင်း

စိုင်းစိုင်းကတော့ ခုနှစ်တန်းဖြေပြီးတဲ့အချိန် ငယ်ငယ်က အမှတ်တရလေး တစ်ခုကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ ခြောက်တန်း ခုနှစ်တန်းအရွယ်လောက် ကားအရမ်းမောင်းချင်တဲ့ စိုင်းစိုင်းဟာ ကားစမမောင်းခင် ထော်လာဂျီမောင်းတတ်အောင် အရင်ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ အဖိုးဖြစ်သူက ထော်လာဂျီမောင်းတတ်မှ ကားပေးမောင်းမယ်ဆိုလို့ ထောင်လာဂျီမောင်းတတ်ဖို့ သူဘယ်လို ကြိုးစားခဲ့လဲဆိုတာကို ပြောပြထားတာပါ။

“ခြောက်တန်း ခုနှစ်တန်းလောက်က (ခုနှစ်တန်းဖြေပြီးတဲ့ နွေရာသီထင်တယ် ) ကားအရမ်းမောင်းချင်တော့ ဖိုးဖိုးက ထော်လာဂျီမောင်းတတ်မှ ကားပေးမောင်းမယ်ဆိုလို့ ဒါကြီးအရင်မောင်းဖို့ကြိုးစားရတယ်။အဲဒီတုန်းက စတီယာရင် အဝိုင်းနဲ့ ထော်လာဂျီတွေ ပင်လုံမှာ မရှိသေးတာလား ကျွန်တော်ပဲ မမှတ်မိတာလား တောလမ်းတွေမှာဆို ဂလုပ်ဂလုပ်နဲ့ လူမလွင့်သွားအောင် လက်ကိုင်ကို အသေဖိထားရသေးတယ် သိတယ်မလား လူကောင်ကလည်း ပိန်ရှည်ရှည်နဲ့ သေးသေးလေး တော်တော်ကိုပြိုင်းတာပါဗျာ။ ဂီယာတံက အလယ်မှာ ဆွဲပြီးချိန်းရတယ် စက်နှိုးတာတော့ မနှိုးနိုင်ဘူး အကိုကြီးတွေနှိုးပေးပေါ့။ ပင်လုံနဲ့ လွိုင်လင်ကြားက ဟိုခိုက်လောက်အထိ မောင်းနိုင်တော့မှ ကားစမောင်းခွင့်ရတယ်” ဆိုပြီး ဇူလိုင်(၂၁) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo :Amazing grace

စိုင်းစိုင်းရဲ့ “တောဂေါ်လီ” သီချင်းထဲက “အားလုံးတက်ကြင့ါထော်လာဂျီဆိုတဲ့ စာသားကလည်း အဲဒီကလာတာပဲ” လို့ ဆိုပါတယ်။ အဲဒီသီချင်းဟာလည်း အခုထိ ပရိသတ်တွေကြားထဲမှာပေါက်နေတဲ့ သီချင်းတစ်ပုဒ်ပါ။ ဒါကို ကြည့်ချင်းအားဖြင့် စိုင်းစိုင်းက သီချင်းတိုင်းကို သူ့ရဲ့ အမှတ်တရတွေ ခံစားချက် အစစ်အမှန်တွေကို ထည့်ရေးတတ်သူ တစ်ယောက်ဆိုတာ အထင်းသားမြင်တွေ့နိုင်ပါတယ်။

စိုင်းစိုင်းဟာ စိုင်းစိုင်း(Sai Sai)က ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။သူဟာ ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရသူပါ။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo : စိုင်းစိုင်း

စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

Share

က္က