Snapdragon 8+ Gen 1 SoC နဲ့မြင်ရမယ့် Razr 40 Ultra မှာ 3.6" အပြင်ဖက် Display သုံးထားမယ်လို့ ဆိုထားပါတယ်

Razr 40 Ultra လို့ အပြောများနေတဲ့ Motorola ရဲ့ Premium Foldable ဖုန်းဟာ Flip ဖုန်း Industry မှာ ဂယက်ရိုက်နေတဲ့ Flagship တစ်လုံးပါ။


နာမည်ကျော် Galaxy Z Flip ရဲ့ ဒါရိုက် ပြိုင်ဖက် ဖြစ်လာမယ့် Razr 40 Ultra မှာ 144Hz Refresh Rate ထောက်ပံ့ထားတဲ့ pOLED (Passive OLED) ဖန်သားပြင် ပါဝင်ပြီး 3.6" Display (အပြင်ဖက် Display) ၊ အတွင်းဖက် Display ကို ဖြန့်လိုက်ရင် 6.9" ရှိမယ်လို့ သိရပါတယ်။


3.6" အရွယ်စားဟာ OPPO Find N2 Flip ရဲ့ 3.26" ထက် ပိုကြီးသလို ရေပန်းစားနေတဲ့ Z Flip 5 ရဲ့ 3.4" ရဲ့ အပြင်ဖက် Display နဲ့ နင်လား ၊ ငါလား အပြိုင် ဖြစ်နေပါတယ်။ ခေတ်ပေါ် Flip တွေရဲ့ အပြင်ဖက် Display အရွယ်စားကို ဦးစားပေးတဲ့နောက် အခုလို ပြောင်းလဲလာတာလို့ သုံးသပ်ရသလို Razr 40 Ultra မှာ Snapdragon 8 Plus Gen 1 နဲ့ တွေ့ရမယ်လို့ သိရပါတယ်။



ကင်မရာပိုင်း အနေနဲ့ 12MP နဲ့ 13MP Dual Sensor နှစ်ခုကို Primary Shooters နဲ့ တွေ့ရနိုင်ပြီး Selife အတွက် 32MP Sensor ထောက်ပံ့ထားမယ်လို့ ပေါက်ကြားလာပါတယ်။ RAM 8GB ၊ Storage 256GB Onboard ပါလာမယ့် ဖုန်းမှာ 3,800 mAh Battery သုံးထားနိုင်ပြီး အရောင် (၃) မျိုးနဲ့ မြင်ရနိုင်တယ်လို့ ခန့်မှန်းရပါတယ်။


Motorola အနေနဲ့ Razr 40 Ultra ကို 2023 မှာ ကြေညာမယ်လို့ အတည်ပြုထားတဲ့အတိုင်း Flip ဖုန်းတွေထဲ ရွေးချယ်စရာ ဖြစ်လာနိုင်တဲ့ အကြောင်းပြချက်တွေက ၎င်းရဲ့ ဒီဇိုင်းလို ပြောနိုင်သလို Leaker "Evan Blass" ပြတဲ့အတိုင်း အပြင်ဖက် Display အနေထားနဲ့တင် သုံးရတဲ့ Experience ပိုင်း ထူးခြားမှု ရှိမယ်လို့ သုံးသပ်မိပါတယ်။



ဒါ့အပြင် Customize လုပ်နိုင်တဲ့ အားသာချက် ရှိတာကြောင့် Z Flip ပြိုင်ဖက်လို့ ပြောရသလို ၄၄ စက္ကန့်စာ ကြော်ငြာကလည်း စိတ်ဝင်စားသူအဖို့ အသည်းယားအောင် လုပ်ထားသလို ဖြစ်နေပါတယ်။


Motorola ဖုန်းသစ်ရဲ့ Lite Version ကိုလည်း ကြေညာနိုင်ချေရှိသလို Razr 40 Ultra ကို ဇွန်လ အစောပိုင်းမှာ မိတ်ဆက်နိုင်ချေ ရှိတယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်ထားပါတယ်။


Source: The Verge | Android Police | Evan Blass

Share

Loading Next Article...
က္က