အသင်းဟောင်းဘာစီလိုနာနဲ့ဇာဗီရဲ့ အယူအဆကို ကိုးမန်းက ဝေဖန်ခဲ့တာပါ။

ဘာစီလိုနာနည်းပြဟောင်း ရော်နယ်ကိုးမန်းက လက်ရှိဘာစီလိုနာမှာ အသက်သွင်းချင်နေတဲ့ တီကီတာကာ ကစားကွက်နဲ့ ကစားဟန်က ခေတ်ဟောင်းပြီး အတိတ်မှာကျန်ရစ်ခဲ့ပြီလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။ လက်ရှိ ဘာစီလိုနာကို အသင်းရဲ့ဂန္တဝင်ကစားသမားဟောင်း ဇာဗီက ကိုင်တွယ်လျက်ရှိပါတယ်။



ဇာဗီဟာ ကာတာကလပ် အယ်လ်ဆတ်ဒ်မှာ တီကီတာကာ ကစားဟန်ကို ပုံဖော်ခဲ့ပြီး ဘာစီလိုနာကလည်း ဒီကစားကွက်ကို သူတို့ရဲ့ရိုးရာကစားဟန်အဖြစ် ပြန်လည် အသက်သွင်းချင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဘာစီလိုနာက ရော်နယ်ကိုးမန်းကို ရာထူးကထုတ်ပယ်ပြီး ဇာဗီကိုနည်းပြအဖြစ် ခန့်အပ်ခဲ့တာပါ။ ဒါပေမယ့် ကိုးမန်းကတော့ ဘာစီလိုနာနဲ့ပတ်သက်လို့ အခုလိုပဲ ဝေဖန်လာခဲ့ပါတယ်။

“ကျနော်က ပွဲကိုလွှမ်းမိုးချင်တဲ့သူပါ။ ဗဟိုနောက်ခံလူ သုံးယောက် ဒါမှမဟုတ် နောက်ခံလူ ငါးယောက်နဲ့ ကစားတယ်ဆိုတိုင်း ဒါက ခံစစ်ကစားတယ်ပြောလို့မရပါဘူး။ ဒီကစားကွက်နဲ့ပဲ သုံးလေးလအတွင်းမှာ ကျနော်တို့က အကောင်းဆုံးပွဲတွေကို ကစားနိုင်ခဲ့ပါတယ်။ အရှင်းလင်းဆုံးဥပမာကတော့ ဘီလ်ဘာအိုနဲ့ ဗိုလ်လုပွဲပဲလေ။ ဘာစီလိုနာက အတိတ်မှာပိတ်မိနေပါတယ်”

“သူတို့က ၄-၃-၃ ကစားချင်တယ်၊ တီကီတာကာ ကစားချင်တယ် လုပ်နေပါတယ်။ ဘောလုံးလောက,က ပြောင်းလဲသွားပါပြီ။ အခုဆိုရင် ပိုပြီးလျင်မြန်လာပြီ၊ ကြံ့ခိုင်မှုကို ပိုမိုအသားပေးလာပါပြီ။ ခင်ဗျားတို့ အတိတ်မှာပဲ ရပ်နေလို့မရတော့ပါဘူး” လို့ ရော်နယ်ကိုးမန်းက ပြောကြားခဲ့ပါတယ်။

ရော်နယ်ကိုးမန်းဟာ ဘာစီလိုနာကို ကိုင်တွယ်ခဲ့တုန်းကလည်း ဗဟိုနောက်ခံလူသုံးယောက်နဲ့ ခံစစ်တန်းငါးယောက် ကစားဟန်ကို အသက်သွင်းခဲ့တာကြောင့် ဘာစီလိုနာပရိသတ်တွေရဲ့ဝေဖန်မှုကိုခံခဲ့ရပါတယ်။ ဒါဟာ ဘာစီလိုနာရဲ့ရိုးရာကို ဖျက်ဆီးတယ်လို့လည်း ဘာစီလိုနာဘုတ်အဖွဲ့က ယူဆခဲ့ပြီး နောက်ဆုံးမှာတော့ ရလဒ်တွေဆိုးရွားကာ ရာထူးကနေ အထုတ်ခံခဲ့ရတာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က