လူမှုကွန်ရက်ကနေတဆင့် ကြိုးပမ်းနေတာပါ။

အသင်းပရိသတ်တွေဟာ သူတို့ရဲ့ အင်စတာဂရမ်တွေမှာ ဇာဗီအသင်းမှာ ဆက်ရှိနေပေးဖို့အတွက် တောင်းဆိုခဲ့ကြပြီး အဆိုပါတောင်းဆိုထားမှုတွေကို အယ်လ်ဆတ်အသင်းက ပြန်လည်မျှဝေမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 


ကာတာကလပ်အယ်လ်ဆတ်အသင်းဟာ ဘာစီလိုနာနည်းပြသစ်အဖြစ် ရေပန်းစားနေတဲ့ သူတို့ရဲ့နည်းပြဇာဗီကို အသင်းမှာဆက်လက်ရှိနေအောင် နည်းမျိုးစုံနဲ့ ကြိုးစားနေပြီဖြစ်ပါတယ်။ အသင်းပရိသတ်တွေဟာ သူတို့ရဲ့ အင်စတာဂရမ်တွေမှာ ဇာဗီအသင်းမှာ ဆက်ရှိနေပေးဖို့အတွက် တောင်းဆိုခဲ့ကြပြီး အဆိုပါတောင်းဆိုထားမှုတွေကို အယ်လ်ဆတ်အသင်းက ပြန်လည်မျှဝေမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

ဘာစီလိုနာနဲ့ စပိန်ကွငး်လယ်လူဟောင်းဟာ မကြာခင်မှာ အသင်းဟောင်းရဲ့နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။ စပိန်မီဒီယာတချို့ကဆိုရင် သဘောတူညီမှုရရှိခဲ့ပြီလို့ ဖော်ပြထားခဲ့ပြီး ယုံကြည်စိတ်ချရတဲ့သတင်းဌာနတွေကတော့ ညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဇာဗီကို လက်မလွှတ်ရစေဖို့ ပရိသတ်တွေနဲ့ ကလပ်အသင်းပူးပေါင်းကာ ကြိုးစားနေပြီဖြစ်ပါတယ်။ 


စပိန်သတင်းစာ AS က ဇာဗီဟာ အယ်လ်ဆတ်အသင်းကို နှုတ်ဆက်ဖို့တောင်ပြုလုပ်နေပြီလို့ ဖော်ပြထားပြီး လက်ရှိမှာ ဘာကာက ယာယီနည်းပြသစ်ခန့်အပ်ထားပါတယ်။ အယ်လ်ဆတ်ပရိသတ်တွေကတော့ #XaviStays ဆိုတဲ့ hashtag ကို အသုံးပြုကာ အင်စတာဂရမ်မှာ ပို့စ်တွေအများအပြားတင်နေကြပြီး ကမ်ပိန်းတစ်ခုအနေနဲ့ ဆောင်ရွက်နေကာ စပိန်ဂန္ထဝင်အပေါ် ဘယ်လောက်အားကိုးလဲဆိုတာကို ပြသနေကြပါတယ်။ 

အယ်လ်ဆတ်အသင်းဟာ ဇာဗီလက်အောက်မှာ ၃ နှစ်အတွင်း ဆုဖလားပေါင်း ၇ လုံးအထိရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းကစားဟန်ကလည်း ကာတာလိဂ်မှာ တမူထူးခြားပြီး ကွဲထွက်နေကာ အာရှမှာပါ ထိပ်တန်းအဆင့်ထိ ရောက်ရှိလာခဲ့ပြီး ပရိသတ်တွေကြား အယ်လ်ဆတ်ရဲ့ကစားပုံက ရေပန်းစားနေခဲ့ပါတယ်။ 

မနက်ဖြန်မှာ အယ်လ်ဆတ်က အိမ်ကွင်းမှာ အယ်လ်အာလီအသင်းကို ဧည့်ခံကစားရမှာဖြစ်ပြီး အဆိုပါပွဲဟာ ဇာဗီအတွက်တော့ အယ်လ်ဆတ်နည်းပြနောက်ဆုံးပွဲစဉ်ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ သူကိုယ်တိုင်ကလည်း နှုတ်ဆက်ပွဲအဖြစ်ရည်ရွယ်ထားကြောင်း Daily Mail က ဖော်ပြထားပြီး အသက် ၄၁ နှစ်အရွယ်စပိန်ကစားသမားဟောင်းက သေချာပေါက်ထွက်ခွာဖို့ရာရှိနေပါတယ်။

Share

က္က