ရှိန်နေတယ်ဗျာ။

‘’မြ’’ ဇာတ်ကားထဲမှာ မုဒိမ်းကာရိုက်တာနဲ့ ပါဝင်သွားမယ့် မျိုးလှိုင်ဝင်းက မြမြ ဇာတ်ကောင်ဖြစ်လာမယ့် သင်ဇာဝင့်ကျော်ကို စကားတောင်မပြောရဲသေးပါဘူးတဲ့။

မျိုးလှိုင်ဝင်း ကတော့ ‘’မြ’’ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်လာမယ့် မုဒိမ်းဇာတ်ကောင်ထဲက တစ်ယောက် အပါအဝင်ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သင်ဇာဝင့်ကျော်လည်း ပါဝင်သွားမှာပါ။ ဒါပေမယ့် အခုချိန်ထိ သင်ဇာ့ကို စကားမပြောရဲသေးဘူးလို့ Duwun media ကနေ ပြောပြခဲ့ပါတယ်။



‘’ သူ့မြင်နေရရင်ကို စကားလည်းမပြောရဲဘူး၊ သွားလည်းမနှုတ်ဆက်ရဲဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ထက် အဆင့်ရှိတယ်လို့ ခံစားရလို့ ကိုယ့်ကိုယ်ကိုယ် ချိုးနှိမ်ထားတာပဲ ဖြစ်ဖြစ်သွားမပြောရဲတာပေါ့။ ဘယ်လိုပြောရမလဲ ရှိန်တယ်ဗျာ။ ကိုယ့်ထက် စီနီယာတွေလည်းဖြစ်တယ်၊ Perfect ဖြစ်တဲ့အတွက် စကားသွားပြောရမှာ ဝင်တိုးရမှာတွေ မလုပ်ရဲဘူးဗျာ’’လို့ သူကဆိုပါတယ်။

မျိုးလှိုင်ဝင်းဟာ မြ ရုပ်ရှင်ဇာတ်ကားအတွက် မုဒိမ်းဇာတ်ကောင်ရွေးချယ်ပွဲမှာ သရုပ်ပြခဲ့တဲ့ ပုံစံ ဗီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ ခဲ့တာဖြစ်ပါတယ်။ ဒီလို ပျံ့နှံ့ခဲ့ချိန်မှာ ဝေဖန်မှုများစွာကြုံတွေ့ခဲ့ရသူပါ။ ဒီ ဝေဖန်မှုတွေ အပေါ်မှာလည်း သူက ရင်ဖွင့်စကားဆိုလာပါသေးတယ်။

‘’ အနုပညာဆိုတာကတော့ သဏ္ဍာန်လုပ်ရင် သရုပ်တူရမယ်ပေါ့နော်။ အဲဒီတော့ ကိုယ်က Mood ထည့်လိုက်တယ်။ လူတစ်ဖက်သားကို အနိုင်ကျင့်တော့မယ်ဆိုရင် ကိုယ့်မျက်နှာ အနေအထားက အကျင့်ယုတ်တဲ့ ပုံစံလုပ်ရမှာလေ။ အဲဒီအချိန်မှာ ကိုယ်က ယဉ်ကျေးနေလို့ မရတော့ဘူးလေ။ အဲဒီပုံစံတူအောင် အိုက်တင်ကို ကြိုးစားသရုပ်ဆောင်ပြခဲ့ရတာပါ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

အဲဒီနောက် မုဒိမ်းဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့အတွက် မျိုးလှိုင်ဝင်းရဲ့ ဇနီးကလည်း အားပေးခဲ့တယ်လို့ဆိုပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ အလုပ်တိုင်းကို နားလည်ပေးတဲ့ သူပါလို့ မျိုးလှိုင်ဝင်းက ဆိုပါတယ်။

‘’ကျွန်တော့် အမျိုးသမီးက အရမ်းကိုနားလည်မှုရှိပါတယ်။ အိမ်ထောင်ဦးစီးအနေနဲ့ တစ်ခုခုလုပ်မယ်ဆိုရင် မှားတာ၊ မှန်တာ မထောက်ပြဘူး ကောင်းတယ် လုပ်လိုက်၊ စဉ်းစားခိုင်းတယ်။ အရမ်းတော်တဲ့ ယောကျ်ားရဲ့ အနောက်မှာ အရမ်းတော်တဲ့ မိန်းမ ရှိတာ အမှန်ပါပဲ။ သူကလည်း ကျွန်တော့်အတွက် နေရာတစ်နေရာမှာ နာမည်လေးတစ်လုံးနဲ့ ကျန်ခဲ့မယ်ဆိုရင် ဝမ်းသာတယ်’’ဆိုပြီးတော့ စက်တင်ဘာလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက ‘’မြ’’ရုပ်ရှင်အတွက် အစည်းအဝေးကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

မျိုးလှိုင်ဝင်းက မန္တလေးသားတစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုတော့ ပရိသတ်တွေက Tik Tok ဗီဒီယိုလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ အဲဒီနောက်မှာတော့ ဒါရိုက်တာ ညိုမင်းလွင်ရဲ့ သရုပ်ဆောင်ရွေးချယ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာတွေ့ရပါတယ်။ အခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ခွင့်ရတဲ့အထိ အောင်မြင်လာခဲ့ပြီဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က