ပြီးခဲ့တဲ့ နွေရာသီမှာ ငွေသုံးကြမ်းခဲ့တဲ့ အာဆင်နယ်ဟာ အခုလာမယ့် ဇန်နဝါရီမှာလည်း ကစားသမားအများအပြားကို တပြိုင်တည်း ခေါ်ဖို့ လုပ်နေတာပါ။

အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မတိုင်မီ ဂျူဗင်တပ်ကြယ်ပွင့်ကစားသမား ၃ ဦးကို တပြိုင်တည်း ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ အာရွန် ရမ်းစ်ဒေးလ်၊ ဘင်ဂျမင် ဝှိုက်၊ လိုကွန်ဂါ၊ မာတင် အိုဒီဂွါဒ်နဲ့ တိုမီယာစုတို့ကို စုစုပေါင်း ပေါင် ၁၅၆.၈ သန်းအထိ သုံးစွဲခေါ်ယူခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ငွေကြေးအများဆုံးသုံးစွဲခဲ့တဲ့အသင်းဖြစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း အာတီတာရဲ့အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ နောက်ထပ်တစ်ကြိမ် စျေးကွက်ထဲ ဝင်ရောက်ဖို့ ပြင်ဆင်နေပြီး အာရွန် ရမ်ဆေး၊ အာသာ မယ်လို၊ ကူလူဆပ်ဗ်စကီးတို့အားလုံးဟာ မြောက်လန်ဒန်ကလပ်အသင်းရဲ့စိတ်ဝင်စားခြင်း ခံနေရတယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။



အာဆင်နယ်အသင်းဟာ သောမတ်စ် ပါတေး၊ မိုဟာမက် အယ်လ်နန်နီတို့ကို လာမယ့်လ အာဖရိကဖလားပြိုင်ပွဲကြောင့် မဆုံးရှုံးရမီ ကွင်းလယ်နေရာကိုလည်း အင်အားဖြည့်တင်းချင်နေတယ်လို့ ယင်းသတင်းကပဲ ထပ်လောင်း ဖော်ပြခဲ့ပါတယ်။ ရမ်ဆေးဟာ ၂၀၁၉ ခုနှစ်မှာ အမ်းမရိတ်စ်ကနေ တူရင်ကို ပြောင်းရွှေ့ခဲ့ပြီးကတည်းက ရုန်းကန်နေခဲ့ရသူဖြစ်ပြီး ယခုရာသီမှာ ၉၈ မိနစ်သာ ပါဝင်ကစားပေးရသေးတာဖြစ်ပါတယ်။

သတင်းတွေရဲ့ အဆိုအရ ဝေးလ်လက်ရွေးစင်ကြယ်ပွင့်ဟာ အာဆင်နယ်အသင်းကို စိတ်လှုပ်ရှားဖွယ် ပြန်လည်ပြောင်းရွှေ့ရာမှာ အကူအညီဖြစ်နိုင်အောင် ဂျူဗင်တပ်အသင်းနဲ့ စာချုပ်တောင် ဖျက်သိမ်းဖွယ်ရှိတယ်လို့ သိရပါတယ်။ အာသာ မယ်လိုကလည်း ယခုရာသီမှာ ပွဲကစားချိန်အတွက် ရုန်းကန်နေခဲ့ရသူဖြစ်ပြီး လိုကာတယ်လီ၊ ဘင်တန်ကာတို့နောက်မှသာ နည်းပြ အယ်လီဂရီရဲ့ ပွဲထွက်ခွင့်အတွက် နေရာပေးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းက ဆွီဒင်လက်ရွေးစင်ကြယ်ပွင့်ကို ယူရို ၂၉.၅ သန်းနဲ့ထပ်ဆောင်းပေးချေမှု ပါဝင်တဲ့ ကမ်းလှမ်းမှုနဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက်နဲ့ ကူလူဆက်ဗ်စကီးရဲ့ ကိုယ်စားလှဝ်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ Marca က ထပ်လောင်း ဖော်ပြခဲ့ပြီး ဂျူဗင်တပ်အသင်းကတော့ ၎င်းတို့ရဲ့ ကစားသမားအတွက် ယူရိုသန်း ၄၀ သတ်မှတ်ထားတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့အပတ်တွေမှာ လိုုင်လီကွင်းလယ်ကြယ်ပွင့် ရီနာတို ဆန်းချက်စ်နဲ့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး အဲဗာတန်ကြယ်ပွင့် ကယ်ဗာ့တ်-လူဝင်ကလည်း မြောက်လန်ဒန်ကလပ်အသင်းရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရတဲ့ တိုက်စစ်မှူး အများအပြားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

Share

က္က