လိဂ်ပွဲနောက်ဆုံး ၃ပွဲဆက်တိုက် သရေတွေချည်းပဲ ကျခဲ့ပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲမှာ ချယ်လ်ဆီးက မာဒူအီကီ၊ ယာအိုဖိလစ်၊ မူဒရစ်၊ အန်ဇိုဖာနန်ဒက်ဇ်တို့လို ကစားသမားသစ်တွေကို ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာ ထည့်သုံးခဲ့ပြီး ရီစီဂျိမ်းစ်လည်း ပုံမှန်အတိုင်း ဝင်ကစားပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ချယ်လ်ဆီးက အရင်ပွဲတွေကထက် ပိုပြီးတော့ ကစားအားကောင်းပြီး လုပ်အားနှုန်းအရလည်း ကျေနပ်စရာပါ။ အန်ဇိုဖာနန်ဒက်ဇ်ကတော့ ပထမပိုင်းမှာ အချက်အလက်တွေအရ အားရစရာကောင်းခဲ့ပြီး ချယ်လ်ဆီးကွင်းလယ်အတွက် တကယ့်အနာဂတ်ပါပဲ။ 

ဝက်စ်ဟမ်းကတော့ သူတို့ပုံမှန်ပွဲထွက်နေကျအတိုင်း ပွဲထွက်လာတာပါ။ ပွဲအစပိုင်းမှာ ချယ်လ်ဆီးက ခြေစွမ်းပိုင်းအရ ပိုကောင်းပြီး ဖိအားလည်းပေးနိုင်ခဲ့တယ်။ ရီစီဂျိမ်းစ်ကြောင့် သူတို့ညာတောင်ပံခြမ်းက ဘောလုံးပိုထွက်လာပြီး တိုက်စစ်ကို တော်တော်လေး အထောက်အကူဖြစ်ခဲ့တာပါ။ မူဒရစ်က တန်ပြန်တိုက်စစ်တွေအတွက်တော့ သူ့ရဲ့ လျင်မြန်မှုကို အသုံးချနိုင်ပြီး တိုးတက်လာဖို့တော့ လိုပါသေးတယ်။ 

ဒီပွဲမှာ အန်ဇိုဖာနန်ဒက်စ်ဇ်ရဲ့ ဖန်တီးမှုကနေ ယာအိုဖိလစ်က အဖွင့်ဂိုးသွင်းပေးခဲ့ပြီး ချယ်လ်ဆီးအတွက် သူ့ရဲ့ ပထမဆုံးဂိုးကို ရသွားခဲ့ပါတယ်။ လူကျွံထောင်ချောက်ကနေ သူ ပြေးထွက်ပြီး အပိုင်အဆုံးသတ်ခဲ့တာပါ။ ဒါပေမယ့် ဝက်စ်ဟမ်း တင်ကစားချိန်မှာ ချယ်လ်ဆီးက စနစ်တကျစုဖွဲ့မှုမရှိတော့ဘဲ အဲဒီအားနည်းချက်ကနေပဲ အီမာဆင်ရဲ့ ချေပဂိုးကို ခွင့်ပြုလိုက်ရပါတယ်။ ဟာဗက်ဇ်နဲ့ ယာအိုဖိလစ်တို့ တဂိုးစီသွင်းခဲ့ပေမယ့် လူကျွံနေခဲ့လို့ ဂိုးမရခဲ့ပါဘူး။

ဆိုးတာက ချယ်လ်ဆီးက ခြေစွမ်းမတည်ငြိမ်တာပဲ။ ဒုတိယပိုင်းမှာ ပထမပိုင်းကထက် ပိုညံ့သွားပြီး အခွင့်အရေးတောင် သိပ်မဖန်တီးနိုင်တော့ဘူး။ တည်ကန်ဘောတွေကနေ ဂိုးရဖို့ နီးစပ်ခဲ့ပြီး ကပ်လွဲသွားတာကတော့ တကယ်နှမျောဖို့ကောင်းပါတယ်။ ဝက်စ်ဟမ်းကတော့ ခံစစ်ကို ပိုအားပြုပြီး ဘောလုံးပိုင်ဆိုင်မှုရချိန်တွေ၊ တန်ပြန်တိုက်စစ်တွေကနေ ပြန်ပြီးတော့ ခြိမ်းခြောက်ခဲ့ပါတယ်။ 

ပွဲကစားချိန် ၈၁ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ ပြစ်ဒဏ်ဘောကနေတဆင့် ဦးဆောင်ဂိုးရသွားခဲ့ပေမယ့် လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲံရပြန်ပါတယ်။ နှစ်သင်းစလုံးဂိုးထပ်မသွင်းနိုင်တော့လို့ သရေနဲ့ပဲ ကျေနပ်ခဲ့ရပြီး ချယ်လ်ဆီးတို့ အမှတ်ပေးပွဲ နောက်ဆုံး ၁၂ပွဲမှာ ၂ပွဲသာအနိုင်ရထားပြီး နောက်ဆုံး ၃ပွဲဆက်တိုက်လည်း သရေပွဲတွေချည်းဖြစ်လို့ နည်းပြဂရေဟမ်ပေါ်တာ ပိုပြီးဖိအားတွေရှိလာခဲ့ပါပြီ။




Share

Loading Next Article...
က္က