ချယ်လ်ဆီးနဲ့အပြိုင် ခေါ်ယူသွားမှာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ အဆင်မပြေဖြစ်နေတဲ့ ဟာဇက်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြခဲ့သူလည်းဖြစ်ပါတယ်။ 


ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်းဖြစ်လာဖို့ တာစူနေပြီဖြစ်တဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းဟာ နာမည်ကျော်ကစားသမားအီဒင်ဟာဇက်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ အဆင်မပြေဖြစ်နေတဲ့ ဟာဇက်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြခဲ့သူလည်းဖြစ်ပါတယ်။ 



ဒါပေမယ့် စပိန်မှာတော့ ဟာဇက်က ဆိုးဆိုးရွားရွားရုန်းကန်နေခဲ့ရပြီး သူ့အတွက်မအောင်မြင်တဲ့အပြောင်းအရွှေ့ဖြစ်ခဲ့သလို ကစားသမားဘဝပါ သေသလိုဖြစ်သွားခဲ့တဲ့အထိ ရိုက်ခတ်မှုက ကြီးမားနေခဲ့ပါတယ်။ ဒါကြောင့် ဟာဇက်ကိုယ်တိုင်ကလည်း သူ့ရဲ့အောင်မြေဖြစ်တဲ့ အင်္ဂလန်ကိုပြန်လည်ခြေချချင်နေပြီး နယူးကာဆယ်က ဒီအခွင့်အရေးကို အရယူဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

တဖက်မှာလည်း အသင်းဟောင်းချယ်လ်ဆီးက ဟာဇက်ကို ပြန်လည်ခေါ်ယူချင်နေတယ်လို့ သတင်းတွေထွက်နေတာကြောင့် ဒီနှစ်သင်းကြားမှာ အပြိုင်အဆိုင်ဖြစ်လာဖို့ရှိနေပါတယ်။ အသက် ၃၀ အရွယ် ဘယ်လ်ဂျီယံကြယ်ပွင့်ဟာ ဒီရာသီမှာဆိုရင်လည်း ဗင်နီရှပ်နဲ့ အဆန်စီယိုတို့ရဲ့ နောက်မှာသာ ဦးစားပေးခံနေရပြီး အန်ဆယ်လော့တီလက်အောက်မှာ အရန်ကစားသမားအဖြစ်နဲ့သာ ရှိနေပါတယ်။ 

ESPN ရဲ့ အကြီးတန်းသတင်းထောက် James Olley က "နယူးကာဆယ်က လာမယ့်ဇန်နဝါရီမှာ ဟာဇက်ကို ကမ်းလှမ်းဖို့ ရှိနေပါတယ်၊ တကယ်လို့ မက်ဒရစ်ကသာ ခွင့်ပြုမယ်ဆိုရင် ကစားသမားကလည်း ပြောင်းရွှေ့ချေရှိနေပါတယ်" လီု့ ရေးသားပြောဆိိုထားပါတယ်။ ဟာဇက်အနေနဲ့ ချယ်လ်ဆီးကို ပြောင်းရွှေ့ခဲ့ပါကလည်း လူစားဝင်ကစားသမားအဖြစ်နဲ့သာ နေရာရဖွယ်ရှိနေပြီး နယူးကာဆယ်မှာတော့ အဓိကကစားသမားအဖြစ်၊ ပုံရိပ်ကြိးမားတဲ့ကစားသမားအဖြစ်နဲ့ ရပ်တည်နိုင်မှာဖြစ်ပါတယ်။

Share

က္က