အဆင့်-၄နေရာက ချဲလ်ဆီးအသင်းနဲ့ ရမှတ် ၃မှတ်သာ ကွာဟတော့တာပါ။

တိုက်စစ်မှူးမာရှယ်ရဲ့ ပွဲချိန်အစောပိုင်းသွင်းဂိုးနဲ့ လူငယ်ကွင်းလယ်ကစားသမားတော်မီနေးလ်ရဲ့ သွင်း ဂိုးတွေနဲ့အတူ အိမ်ကွင်းမှာအဖိုးတန်အနိုင် ၃မှတ်ရယူသွား နိုင်ခဲ့တာလည်းဖြစ်ပါ တယ်။

ပြိုင်ပွဲစုံနောက်ဆုံး ၅ပွဲမှာ ရှုံးပွဲလုံးဝမရှိထားတဲ့အပြင် ခံစစ်ပိုင်းကလည်း ပေးဂိုး ၂ဂိုးပဲပေးထားရတဲ့အ သင်းနှစ်သင်းရဲ့အခြေအနေက ဒါဘီပွဲစဉ်ကို ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်စေခဲ့ပါတယ်။ အိမ်ရှင်ယူနိုက်တ က်ရဲ့ တည်တည်ငြိမ်ငြိမ်တုံ့ပြန်နိုင်မှုကလည်း လက်ရှိချန်ပီယံမန်စီးတီးကို ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်စေ ခဲ့တယ်လို့ ဆိုရမှာပါ။

မာရှယ်၊ ဒန်နီရယ်ဂျိမ်းစ်၊ ဖာနန်ဒက်စ်တို့ပါဝင်လာတဲ့ ယူနိုက်တက်ရဲ့စုဖွဲ့မှုက အိမ်ကွင်းမှာအမှတ်အပြ ည့်ရယူဖို့ ပြီးပြည့်စုံခဲ့တယ်လို့ပဲဆိုရမှာပါ။ ဧည်သည့်မန်စီးတီးအသင်းကတော့ ၄-၃-၃ ကစားကွက်ကို အထိုင်ချကာ အဂူရို၊ ဂန်ဒိုဂန်၊ စတာလင်း၊ ဖိုဒန်တို့နဲ့အတူ လူစုံခဲ့ပေမယ့် တိုက်စစ်ပိုင်းက ဂိုးရဖို့ခက်ခ က်ခဲခဲရုန်းကန်ခဲ့ရပါတယ်။

တောင်ပံတိုက်စစ်အားသန်တဲ့ မန်စီးတီးရဲ့ကစားပုံကို လုခ်ရှောနဲ့ဝမ်ဘစ်စကာတို့ရဲ့ ယူနိုက်တက်ခံစစ် ပိုင်းက အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပြီး အဂူရိုအနေနဲ့လည်း မက်ဂွိုင်းယားကို ကျော်ဖြတ်နိုင်ဖို့အခက် အခဲရှိခဲ့ပါတယ်။ မန်စီးတီးတို့ တရစပ်ဖိအားပေးနေခဲ့ပေမယ့် ယူနိုက်တက်တို့ မထင်မှတ်ဘဲဦးဆောင် ဂိုးရရှိသွားခဲ့ပါတယ်။

မန်စီးတီးဂိုးရှေ့မှာရရှိခဲ့တဲ့ ပြစ်ဒဏ်ဘောကို ဖာနန်ဒက်စ်က ရုတ်တရက်အလျင်အမြန်ကန်တင်ပေးခဲ့ တာကို တိုက်စစ်မှူးမာရှယ်က မန်စီးတီးခံစစ်အသင့်မဖြစ်ခဲ့မှာပဲ အပြင်းကန်ချက်နဲ့ကန်သွင်းပြီးဂိုးအဖြ စ်ပြောင်းလဲပေးခဲ့တာပါ။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်း မန်စီးတီးတို့ ပွဲကိုအဓိကထိန်းချုပ်နိုင်ဖို့အားစိုက် ခဲ့ပေမယ့် ကြံ့ခိုင်မှုအသားပေးကစားနေတဲ့ ယူနိုက်တက်ရဲ့ကစားပုံကြောင့် ထင်သလောက်အလုပ်မ ဖြစ်ခဲ့ပါဘူး။



ပထမပိုင်းပွဲချိန်ပြီးဆုံးချိန်အထိ မန်စီးတီးတို့ဂိုးမရခဲ့သလို ခံစစ်ပိုင်းကိုလည်း ပေါ့ဆလို့မရလို့ တိုက်စစ် ပိုင်းမှာလည်း အကောင်းဆုံးပုံဖော်နိုင်ဖို့ရုန်းကန်ခဲ့ရပါတယ်။ ဒုတိယပိုင်းပြန်အစမှာတော့ ချေပဂိုးပြန်ရ နိုင်တဲ့အခြေအနေအချို့ပိုင်ဆိုင်ခဲ့ပါတယ်။ ဖိုလ်ဒန်ရဲ့ ၁၈ကိုက်စည်းထိပ်အပြင်းကန်ချက်၊ ဂါဘရီရယ် ဂျီဆက်ရဲ့အဝေးကန်ချက်တွေကို ယူနိုက်တက်ဂိုးသမားဒီဂီယာ လှလှပပပုတ်ထုတ်ကာကွယ်နိုင်ခဲ့ခြင်း ကလည်း ယူနိုက်တက်အတွက် အသက်ရှုချောင်ခဲ့တယ်လို့ ဆိုရမှာပါ။

နောက်ပိုင်းပွဲချိန်တွေမှာတော့ ယူနိုက်တက်အနေနဲ့ ခံစစ်ပိုင်းကို ပိုပြီးကျစ်လစ်အောင်ကစားခဲ့သလို မန် စီးတီးဘက်ကို ရံဖန်ရံခါရောက်မှ တန်ပြန်တိုက်စစ်ကနေ တုံ့ပြန်ခဲ့ပါတယ်။

ပွဲချိန်ပြီးဆုံးခါနီးမှာ မန်စီးတီးဘက်က စတာလင်း၊ ဖိုလ်ဒန်တို့ အခွင့်အရေးအချို့ထပ်ရခဲ့သလို ယူနိုက် တက်ဘက်က လူစားဝင်တိုက်စစ်မှူးအီဂါလိုအနေနဲ့လည်း ဂိုးထပ်ရနိုင်တဲ့အခြေအနေကို ပိုင်ဆိုင်ခဲ့ပေ မယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ပွဲပြီးခါနီးစက္ကန့်ပိုင်းအလိုမှာပဲ မန်စီးတီးဂိုးသမားရဲ့အမှားကိုအခွင့် ကောင်းယူပြီး ယူနိုက်တက်ကွင်းလယ်ကစားသ မားတော်မီနေးလ်က တိကျေ သချာတဲ့အဝေးကန်ချ က်နဲ့အဆုံးသတ်နိုင်ခဲ့လို့ ပွဲအပြီးမှာ ယူနိုက်တက်တို့ ၂-၀ ဂိုးနဲ့အနိုင်ရရှိခဲ့ကာအဆင့်-၅နေရာကိုပြန်လည်တက်ရောက်နိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က