သူ့ကို မရောင်းဖို့တောင် တန်ဟက်ဂျ်က အသင်းကို တားမြစ်လိုက်ပါပြီ။

ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဂျ်ကတော့ ရာသီကြိုပွဲစဉ်တွေမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးမာရှယ်ကို ရောင်းချမှုမလုပ်ဖို့အတွက် အသင်းကို တားမြစ်လိုက်ပြီဖြစ်ပါတယ်။ ပြင်သစ်တိုက်စစ်မှူးက သူ့ရဲ့လူစာရင်းမှာ အရေးပါတဲ့ကစားသမားတဦးလို့ တန်ဟက်ဂျ်က ရှုမြင်နေပြီး မာရှယ်အတွက် ကမ်းလှမ်းမှုတွေကို စောင့်ဆိုင်းနေတဲ့ အသင်းကို အသိပေးလိုက်တာလည်းဖြစ်ပါတယ်။ 

The Sun ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ဆီဗီလာကို အငှားထွက်ကစားခဲ့တဲ့ မာရှယ်အတွက် ကမ်းလှမ်းမှုတွေကို မျှော်လင့်နေခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အသက် ၂၆ နှစ်အရွယ် မာရှယ်ဟာ ရာသီကြိုခြေစမ်းပွဲ ၃ ပွဲဆက်တိုက် ဂိုးသွင်းကာ ခြေစွမ်းပြခဲ့ပြီးနောက် တန်ဟက်ဂျ်က သူ့ကို အသင်းမှာဆက်ထိန်းထားချင်တယ်လို့ အသင်းအကြီးအကဲတွေကို ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 

မာရှယ်နဲ့လည်း တန်ဟက်ဂျ်က စကားပြောဆိုမှုတွေပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ အနာဂတ်မတည်မငြိမ်ဖြစ်နေချိန်မှာ တန်ဟက်ဂျ်က မာရှယ်ကို မထွက်ခွာစေချင်တာဖြစ်မယ်လို့ သုံးသပ်မှုတွေရှိနေပြီး လက်ရှိခြေစွမ်းပြသမှုတွေအရ အသင်းတိုက်စစ်ကို ဦးဆောင်နိုင်မယ်လို့လည်း ယုံကြည်နေကြောင်း ဆိုပါတယ်။ 

တကယ်လို့ အသင်းနဲ့အတူ ရော်နယ်ဒိုက ပြန်လည်ပူးပေါင်းခဲ့မယ်ဆိုရင်လည်း တန်ဟက်ဂျ်က မာရှယ်ကို ပွဲထွက်ခွင့်နေရာပေးဖို့အတွက်ပါ စဉ်းစားထားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ မာရှယ်နဲ့အတူ ကွင်းလယ်လူဗန်ဒီဘိခ်ကိုလည်း တန်ဟက်ဂျ်က အခွင့်အရေးပေးသွားဖို့ရှိနေကာ သူ့ရဲ့ တပည့်ဟောင်းနဲ့အတူ အိုးထရက်ဖို့ဒ်မှာ အလုပ်အတူတူလုပ်ကိုင်ဖို့ ပြောဆိုထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ 

အန်သိုနီမာရှယ်ကတော့ ယူနိုက်တက်ကို ၂၀၁၅ မှာ မိုနာကိုကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ လူငယ်ကစားသမားဘ၀မှာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တဲ့ မာရှယ်အတွက် ယူနိက်တက်က မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ အပိုဆုကြေးငွေတွေ ပေးချေကာ ခေါ်ယူခဲ့ပြီး လက်ရှိအချိန်မှာ မျှော်လင့်ထားသလောက်ဖြစ်မလာပေမယ့် လာမယ့်ရာသီမှာတော့ အသင်းအတွက် ခြေစွမ်းပြန်ပြနိုင်ဖို့ကို မျှော်လင့်နေပြီဖြစ်ပါတယ်။ 

Share

က္က