အင်ချွန်းလေဆိပ်မှာ သူ့ကို ကြိုဆိုဂုဏ်ပြုခဲ့ကြတာပါ။

ပြီးသွားခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီမှာ စပါးတိုက်စစ်မှူးဆွန်ဟောင်မင်ဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပြီး သူ့အတွက် ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ ဆွန်ဟာ မိခင်နိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ချိန်မှာ​ လေဆိပ်အတွင်း တောင်ကိုရီးယားပရိသတ်တွေက သူ့ကို သူရဲကောင်းတဦးလို ကြိုဆိုနှုတ်ဆက်ကာ ဂုဏ်ပြုသွားခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတရဲ့ ဂုဏ်ပြုစကားကိုပါ ရရှိခဲ့တဲ့ ဆွန်ဟာ ရွှေဖိနပ်ဆုကို သယ်ဆောင်သွားခဲ့ပြီး ပရိသတ်တွေကို ပြသခဲ့ပါတယ်။ တီရှပ်အဖြူနဲ့ ဂျင်းဘောင်းဘီရှည်ဝတ်ဆင်ကာ မျက်မှန်တပ်ထားတဲ့ ဆွန်ကို ရိုးရှင်းတဲ့ပုံစံနဲ့သာ မြင်တွေ့ခဲ့ရပြီး ပရိသတ်တွေကိုလည်း ပြုံးရွှင်စွာန​ဲ့ နှုတ်ဆက်ခဲ့ပြီး လုံခြုံရေးတွေက သူ့ကို စောင့်ရှောက်ပေးခဲ့ပါတယ်။ 

အသက် ၂၉ နှစ်အရွယ် တိုက်စစ်ကစားသမားကို အင်ချွန်းလေဆိပ်မှာ မြင်တွေ့ခဲ့ရတာဖြစ်ပြီး လေဆိပ်မှာ သူက ပရိသတ်တွေကို အကြိမ်ပေါင်းများစွာ ဦးညွှတ်ပြီး လေးစားမှုပြသခဲ့တယ်လို့လည်း သိရပါတယ်။ ဒီကစားသမားရဲ့ နေထိုင်ပုံ၊ အပြုအမူတွေက သူ့ပရိသတ်တွေအတွက် ပိုမိုကျေနပ်စရာကောင်းမွန်နေခဲ့​ပြီး အားပေးရကျိုးနပ်စေခဲ့ပါတယ်။ 

ဆွန်ဟာ စပါးအတွက် ၂၃ ဂိုးအထိ သွင်းယူခဲ့ကာ လီဗာပူးလ်တိုက်စစ်မှူးဆာလာနဲ့ ရွှေဖိနပ်ဆုကို ပူးတွဲဆွတ်ခူးခဲ့တာပါ။ ဆွန်ဟာ ပင်နယ်တီသွင်းဂိုးမပါဝင်ဘဲ ၂၃ ဂိုးအထိ ရရှိခဲ့တာဖြစ်ပြီး ဥရောပထိပ်တန်းလီဂ် ၅ ခုမှာ ရွှေဖိနပ်ဆုကို ပထမဆုံးဆွတ်ခူးနိုင်တဲ့ အာရှသားအဖြစ် ခမ်းနားတဲ့မှတ်တမ်းကို ရေးထိုးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က