ညီထွဋ်ခေါင်ဟာ ဇူလိုင်လအတွင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့ မြင်းစီးသင်ကြားနေရင်းကမှ မြင်းစီးတဲ့ ဝါသနာ တစ်ခု တိုးလာတယ်လို့ ဆိုပါတယ် ။မြင်းမလေးတွေ စီးတာများတဲ့အတွက် မြင်းထီးလေးတွေနဲ့ အီစီကလီလုပ်နေရင် လူပျိုကြီး ညီထွဋ် ခေါင် က စီးရတာ သိပ်အဆင်မပြေဘူးလို့ သဘောကျ ရယ်မောရင်းပြောပြလာပါတယ်။
Photo: Nyi Htut Kaung Facebook
ညီထွဋ်ခေါင်ဟာ ဇူလိုင်လအတွင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့ မြင်းစီးသင်ကြားနေရင်းကမှ မြင်းစီးတဲ့ ဝါသနာ တစ်ခု တိုးလာတယ်လို့ ဆိုပါတယ်။ ရိုက်မယ့် ရုပ်ရှင်ဇာတ်ကားကြီးက အကြောင်းအမျိုးမျိုးကြောင့် မရိုက်ဖြစ်တော့ပေမယ့်လို့ သူကတော့ မြင်းစီးသင်တာ မပျက်သေး တဲ့အကြောင်း Duwun Media ကနေပြောပြလာပါတယ်။
'' ကျွန်တော် ၇ လပိုင်းထဲမှာ ရိုက်မယ့် ရုပ်ရှင်ဇာတ်ကားထဲက ကာရိုက်တာအတွက် မြင်းစီးလေ့ကျင့်ခဲ့တာပါ။ မြင်းစီးသင်နေရင်းနဲ့ မှ ဝါသနာ တစ်ခု လို ခံစားရတာကြောင့် မြင်းစီး ဆက်သင်ဖြစ်နေတာပါ။ မြင်းစီးသင်တာက အခုမှ အစပဲရှိသေးတော့ ခံစားချက်က ကြောက်တာ ပေါ့ နော်။ မြင်းက တစ်ခုခုထ လုပ်မှာ လည်းကြောက်ရသေးတယ်။ ကျွန်တော်စီးတာက မြင်းမလေးတွေ ပိုများပါတယ်'' လို့ ဆိုပါတယ်။
Photo: Nyi Htut Kaung Facebook
မြင်းမလေးတွေ စီးတာများတယ်ဆိုတဲ့ ညီထွဋ်ခေါင်က သူ့ရဲ့ အတွေ့အကြုံတွေကို အခုလိုပြောပြလာပါတယ်။ မြင်းမလေးတွေက အပျိုလေး တွေဆိုတော့ မြင်းထီးလေးတွေနဲ့ အီစီကလီလုပ်နေရင် လူပျိုကြီး ညီထွဋ်ခေါင်က စီးရတာ သိပ်အဆင်မပြေဘူးလို့ သဘောကျ ရယ်မောရင်း ဇူလိုင်လ ၂၉ရက်နေ့က သရုပ်ဆောင် ဆုမြတ်နိုးဦးရဲ့ မွေးနေ့အလှူမှာ ဖြေဆိုခဲ့တာပါ။
'' တချို့မြင်းမလေးတွေက သဘောကောင်းတယ်၊ တချို့မြင်းမလေးတွေက သဘောမကောင်းဘူး မြင်းထီးလေးတွေနဲ့ တွေ့ရင် မြင်းမလေးက လည်း အပျိုလေး၊ မြင်းထီးလေးကလည်း လူပျိုလေးဆိုရင် သူတို့ချင်းတွေ့တဲ့အခါ ကျူနေကြတာဆိုရင်တော့ ကျွန်တော် စီးရတဲ့ အခါကျရင် သိပ်အဆင်မပြေဘူး'' လို့ သူကပြောပါတယ်။
ဗီဒီယိုဈေးကွက်အနေအထားကြောင့် အခက်အခဲကြုံနေရတဲ့ ညီထွဋ်ခေါင်
မြင်းစီးလေ့ကျင့်နေတဲ့ အတွေ့အကြုံတွေကို ပြောလာတဲ့ ညီထွဋ်ခေါင်က ဒီလေ့ကျင့်မှုကလည်း အားကစား တစ်ခုပါပဲတဲ့။ သရုပ်ဆောင် တစ်ယောက်ဖြစ်တာကြောင့် မြင်းစီးတာလည်း လေ့ကျင့်သင့်တယ်၊ ကျန်းမာရေးအတွက်လည်း ကောင်းတယ်ဆိုတာကို Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
'' ၄၅ မိနစ် စီးပြီးသွားရင် ချွေးက အကီၤျ က ရေလို ညှစ်လို့ရတယ်။ လူက စီးပြီးသွားတာနဲ့ ပေါ့ပြီးတော့ လန်းဆန်းသွားတာ ဒါကလည်း လေ့ကျင့်ခန်း တစ်မျိုးပဲ။ အရမ်းလည်း ပေါ့ပါးတယ်၊ အပြင်မှာတော့ ထိုင်ထ ၄၅ မိနစ်လုပ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ မြင်းပေါ်မှာတော့ ၄၅ မိနစ် Nan Stop ထိုင်ထ လုပ်နေတာဆိုတော့ လေ့ကျင့်ခန်းလုပ်ပြီးသားလည်း ဖြစ်တာပေါ့'' လို့ ညီထွဋ်ခေါင်က ပြောပါတယ်။
အနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေဆက်တိုက် ရိုက်ကူးနေရ ပေမယ့် လည်း ကာရိုက်တာ ရွေးချယ်ခွင့် မရှိသေးဘူးလို့ ညီထွဋ်ခေါင်က ပြောပါတယ်။ သူ့အတွက် အနုပညာ လမ်းကြောင်းလေးတစ်ခု ပေါ်ရောက်လာ ပြီဆိုပေမယ့် ဗီဒီယိုဈေးကွက် ပျက်နေတဲ့ အနေအထားကြောင့် ဘာဆက်လုပ်ရမှန်းမသိဘူးလို့လည်း Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
Share