ပုပ္ပါးမှာ ရိုက်ကူးနေတာပါ။

လူရွှင်တော် ဟာသသရုပ်ဆောင်မိုးဒီဟာပုပ္ပါးမှာ ဇာတ်ကားရိုက်ကူးနေရင်း အမောဖောက်လာလို့ အရေးပေါ်ဆေးရုံတင်ခဲ့ရပါတယ်တဲ့။ ပရိသတ်တွေကလည်း အရမ်းကို စိုးရိမ်နေကြပါတယ်။

Photo: မိုးဒီ



ဟာသလူရွှင်တော် သရုပ်ဆောင် ဦးမိုးဒီက ပုပ္ပါးမှာ '' ဆူးပန်းခွေနွယ်ဘယ်ဘယက်နဲ့ ပေရွက်လိပ်နားတောင်းဆင်'' ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေရင်း အသက်ရှုကျပ်ပြီး အမောဖောက်လာတာကြောင့် အရေးပေါ် ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။ သူဟာ ကျန်းမာရေး မကောင်းတဲ့ကြားက ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်နေတာပါ။



‘’ 6.6.2019 ဦးမိုးဒီ ပုပ္ပါးမှာဇာတ်ကားရိုက်နေရင်း အသက်ရှုကျပ်အမောဖောက်လာသဖြင့် ရန်ကုန် သို့မဟုတ် နီးစပ်ရာဆေးရုံသို့ အမြန်ပို့ဆောင်နေပါကြောင်း’’ ဆိုပြီးတော့ ဇာတ်ပို့သရုပ်ဆောင် အေးသီတာရဲ့ ခင်ပွန်းဖြစ်သူ ကိုသားကြီးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇွန်လ ၆ ရက်နေ့ မနက် ၉ နာရီ မိနစ် ၄၀ က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။


Photo: AK Thargyi

မိုးဒီဟာ ကျန်းမာရေးမကောင်းတာကြောင့် အနုပညာအလုပ်တွေ သိပ်လုပ်တာ မတွေ့ရပါဘူး။ ကျန်းမာရေး ပြန်ကောင်းမှသာ ဇာတ်ကားရိုက်ကူးရေးတွေ လုပ်လေ့ရှိပါတယ်။ သူဟာ ဟာသသရုပ်ဆောင် လူရွှင်တော် ကောင်းစံရဲ့ ဖခင်ဖြစ်ပါတယ်။ အခုလက်ရှိ မိုးဒီရဲ့ ကျန်းမာရေး အခြေအနေကိုတော့ မိသားစုဝင်တွေ၊ အနုပညာမောင်နှမတွေ နဲ့ ပရိသတ်တွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

Photo: မိုးဒီ

မိုးဒီကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် အငြိမ့်၊ ပြဇာတ် တွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲဒီနောက် ဇာတ်ကားတွေလည်း ရိုက်ကူးလာခဲ့ရပါတယ်။ တီဗီကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားသူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၄၀ ကျော် ရှိပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က