မြင့်မြတ်ကတော့ ‘’ဇာတ်လိုက်’’ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ကျောင်းဆရာ ကာရိုက်တာကို ပထမဆုံးအနေနဲ့ သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ အိန္ဒြာကျော်ဇင်ကိုလည်း ယောကျ်ားလျာ ကာရိုက်တာနဲ့ ကျောင်းဆရာ တစ်ဦးအဖြစ် မြင်တွေ့ရမှာပါ။
Photo: Myint Myat
မြင့်မြတ်ကတော့ လက်ရှိရိုက်ကူးနေတဲ့ ‘’ဇာတ်လိုက်’’ ဇာတ်ကားရိုက်ကွင်းပေါ်က ကာရိုက်တာလေးတွေကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီဇာတ်ကား ထဲမှာတော့ အိန္ဒြာကျော်ဇင်ကိုလည်း ယောကျ်ားလေးပုံစံနဲ့ ထူးထူးခြားခြား မြင်တွေ့ရမှာပါ။
‘’ဇာတ်လိုက် (ရိုးမပေါ်မှာကျတဲ့မျက်ရည်) ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကွင်းပေါ်မှ ကိုတင်မောင်ဝင်းနဲ့ ကိုတိုးကြီး’’ ဆိုပြီးတော့ မြင့်မြတ်ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ မေလ ၂၂ ရက်နေ့ နေ့လယ် ၁ နာရီ ၅၉ မိနစ်က တင်ခဲ့တာ တွေ့ရပါတယ်။ ရိုက်ကွင်းပေါ်က အမှတ်တရ ဓာတ်ပုံလေးကိုလည်း တင်ခဲ့ပါတယ်။ ဒီဓာတ်ပုံထဲမှာ မြင့်မြတ်၊ ဇော်ဝင်းနိုင်၊ အိန္ဒြာကျော်ဇင် တို့ကို ရိုက်ကွင်းပေါ်က ဇာတ်ကောင်ပုံစံတွေအတိုင်း မြင်တွေ့ရမှာပါ။
Photo: Myint Myat
‘’ဇာတ်လိုက်’’ ရုပ်ရှင်ဇာတ်ကားထဲမှာတော့ မြင့်မြတ်ကို ကျောင်းဆရာ ကိုတင်မောင်ဝင်း အဖြစ် မြင်တွေ့ရမှာပါ။ ကျောင်းဆရာ ကာရိုက်တာကလည်း မြင့်မြတ်အတွက် ပထမဆုံးအကြိမ် ရိုက်ကူးရတဲ့ ဇာတ်ရုပ်ဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒြာကျော်ဇင်ကိုတော့ ယောကျ်ားလျာ ကိုတိုးဆိုတဲ့ ကျောင်းဆရာ ကာရိုက်တာနဲ့ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ ပဲခူးရိုးမ မှာ လွန်ခဲ့တဲ့ ၂၇ နှစ်က အမှန်တကယ်ဖြစ်ခဲ့ဖူးတဲ့ ဖြစ်ရပ်တစ်ခုကို ရိုက်ပြမယ့် ဇာတ်ကားတစ်ကားဖြစ်တယ်လို့ ဒါရိုက်တာ ကိုပေါက်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်မယ့် ဇာတ်ကောင်တွေကလည်း အပြင်မှာ တကယ်ရှိကြတယ်လို့ ဆိုပါတယ်။
Photo: Myint Myat
ဒီဇာတ်ကားရဲ့ ဇာတ်လမ်းပုံစံကတော့ သဘာဝဆန်ဆန်ဒရာမာ ဇာတ်ကားလေး တစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ ရိုးမပေါ်ကျတဲ့ မျက်ရည်ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပုံဖော်ရိုက်ကူးနေတာပါ။ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ ရွာမှာ ရိုက်ကူးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။ ‘’ဇာတ်လိုက်’’ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံဖော်နေတာ ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေ အနေနဲ့ အကယ်ဒမီမြင့်မြတ်၊ ထူးအောင်၊ အောင်ရေချမ်း၊ ကောင်းမြတ်စံ၊ လင်းအောင်ခေတ်၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ ခိုင်သင်းကြည် နဲ့ မေမြင့်မိုရ် တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။