ကမ္ဘာ နှစ်ထပ်ရုပ်ရှင်ဇာတ်ကားထဲက အမှတ်တရတွေ ပြောလာပါတယ်။

ပြည့်ပြည့်ကတော့ ကမ္ဘာ နှစ်ထပ်ရုပ်ရှင်ဇာတ်ကားထဲက သီချင်းကို ပြန်ဆိုတိုင်း မျက်ရည်ကျမိတယ်လို့ဆိုပါတယ်။ ဇာတ်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်ကြီးတွေနဲ့လည်း အမှတ်တရတွေ အများကြီးရှိခဲ့တယ်လို့ ဆိုပါတယ်။

Photo: Kabar



ကလေးသရုပ်ဆောင်ပြည့်ပြည့်ကတော့ ‘’ ကမ္ဘာနှစ်ထပ်’’ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဇာတ်ဝင်တေးသီချင်းကို ကိုယ်တိုင်ဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒီသီချင်းဆိုတိုင်းလည်း ငိုမိတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ဒီဇာတ်ကားထဲမှာ သမီးက ဦးနိုင်းနဲ့ မမေကဗျာ တို့ရဲ့ သမီးလုပ်ရပါတယ်။ ဒီဇာတ်ကားက သမီးကိုယ်တိုင် ပထမဦးဆုံး သီချင်းဆိုထားရတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ ကျောင်းမှာဆိုရင်လည်း အဲဒီသီချင်းကို ဆိုတိုင်း သမီး က မျက်ရည်ကျတယ်။ သီချင်းဆိုတိုင်းလည်း ခဏခဏ ငိုချင်တယ်။ ဖေဖေကလည်း အဝေးကြီးမှာ အလုပ်သွားလုပ်နေတာဆိုတော့ ခဏခဏငိုချင်တယ်’’ လို့ ဆိုပါတယ်။

ပြည့်ပြည့်ရဲ့ ဖခင်အရင်းဖြစ်သူကလည်း အဝေးမှာ အလုပ်လုပ်နေရတယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားလေးက သူမအတွက်တော့ တိုက်ဆိုင်မှုလေးတွေရှိတဲ့အကြောင်းတွေပြောပြလာပါတယ်။

‘’ သမီးက အဖေနဲ့ဆို အကုန်တူတယ်။ ငေးတာလေးတွေကအစ။ ဖေဖေကလည်း သဘောၤတက်နေရတာဆိုတော့ ဒီသီချင်းလေးကနေ ဖေဖေမြန်မြန်ပြန်လာပါပေါ့။ ပြီးတော့ ဒီဇာတ်ကားထဲမှာ တကယ်လည်း မျက်ရည်ကျခဲ့ရတာပါပဲ’’ ဆိုပြီးတော့ အောက်တိုဘာလ ၇ ရက်နေ့ ညက ‘’ ကမ္ဘာနှစ်ထပ်’’ရုပ်ရှင်ဇာတ်ကား အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Kabar

ကမ္ဘာ နှစ်ထပ် ရုပ်ရှင်ဇာတ်ကားရိုက်တုန်းကလည်း အမှတ်တရတွေ အများကြီးရှိခဲ့တယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားကို ကလောမြို့မှာလည်း သွားရောက်ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

‘’အမှတ်တရတွေဆို အများကြီးပဲ ဦးကျော်သူဆိုရင် သမီးကို မနက် ၃ နာရီထရမယ်ပေါ့။ အဲဒီတုန်းကလည်း တို့ဖူးနွေး စားကြတာ ၂ မိနစ်လောက်ပဲကြာတယ် စကားပြောနေရင်း တို့ဖူးနွေးတွေ အကုန်ခဲသွားတာ။ အဲဒါနဲ့ စားလို့ရအောင် ပြန်လုပ်ရတယ်။ ရေနွေးဆိုလည်း ထည့်ထားတုန်းက အရမ်းပူတာ နည်းနည်းလေးကြာတော့ အေးစက်သွားတာပဲ။ မနက်စောစောစီးစီး တောင်ပေါ်တက်တော့လည်း ဦးနိုင်းက သမီးကို ကျောပိုးပြီးတော့ တက်ရတယ်။ ဦးနိုင်းနဲ့သမီးဆို မရိုက်ရသေးဘူးဆိုရင် ဆော့ပဲ ဆော့နေတာ။ ဦးနိုင်းက စလိုက်၊ သမီးက စိတ်ကောက်လိုက်နဲ့ ပြီးတော့ သမီးကို ဆရာမကြီးလို့လည်းခေါ်တယ်’’ လို့ သူကဆိုပါတယ်။

Photo: Pyae Pyae

ပြည့်ပြည့်ရဲ့ သရုပ်ဆောင်အရည်အချင်းတွေကိုတော့ ကမ္ဘာနှစ်ထပ်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ တွေ့မြင်ရဦးမှာဖြစ်ပါတယ်။ သူဟာ ‘’လိပ်ပြာစံအိမ်’’ရုပ်သံဇာတ်လမ်းတွဲထဲမှာ ဝတ်မှုန်ရွှေရည်ရဲ့ သမီးလေးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ပြည့်ပြည့်ကတော့ ကလေးသရုပ်ဆောင်တွေထဲက ပရိသတ်အချစ်ကို ရရှိပိုင်ဆိုင်ပြီးသား မျက်နှာသစ် ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က