လေးစားသင့်တဲ့သူကို လေးစားတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်က နှစ်တစ်နှစ်အတွင်းမှာ သူမဖြစ်ချင်တဲ့ ရည်မှန်းချက်ကို အကောင်းဆုံး ကြိုးစားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် သူမကိုယ်တိုင် အထင်ကြီးလေးစားသူတွေရှိသလို သူမကိုယ်တိုင် အထင်မကြီးမိတဲ့သူတွေလည်း ရှိတယ်လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Amazing Grace



သရုပ်ဆောင် သင်ဇာဝင့်ကျော်က နှစ်တစ်နှှစ်အတွင်းမှာ သူမဖြစ်ချင်တဲ့ အတိုင်းအတာတစ်ခုရောက်တဲ့အထိ ကြိုးစားပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီ့အတွက်လည်း လေးစားသင့်တဲ့သူကို လေးစားပြီး အတုယူတာမျိုးတွေ ရှိတယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။

‘’လူဆိုတာဘဝမှာရည်မှန်းချက်ကိုယ်စီရှိကြမှာပါ။ သင်ဇာ့မှာလဲဘဝရည်မှန်းချက်ရှိတယ်။ အရမ်းကြီးလောဘမကြီးရင်တောင် ဒီတစ်နှစ်အတွင်းမှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်းအတာအထိဖြစ်အောင်ကြိုးစားတယ်။ အလုပ်လုပ်နိုင်တဲ့သူ လုပ်ချင်စိတ်ရှိတဲ့သူ အလုပ်ကြိုးစားသူမှန်သမျှကို လေးစားအားကျအတုယူတယ်’’ ဆိုပြီးတော့ ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၃ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Amazing Grace

သင်ဇာဝင့်ကျော်ရဲ့ အနုပညာသက်တမ်းက ကြာပြီဖြစ်ပါတယ်။ ပရိသတ်လက်ခံတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာဖို့ အခက်အခဲတွေကြားက ကြိုးစားလာခဲ့ရသူပါ။ ဒီ့အတွက်ကြောင့် သူကိုယ်တိုင်က ရည်မှန်းချက်မထားတတ်သူတွေကို အထင်မကြီးတတ်တဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

‘’ရည်မှန်းချက်မရှိ ကြိုးစားချင်စိတ်မရှိ အပျော်အပါးပဲမက်ပြီး ယောင်လည်လည်လုပ်နေသူများကိုတော့ သင်ဇာက sorry ပါ။ အပြင်ကကိစ္စအသေးအမွှားလေးကိုတောင် မဖြေရှင်းနိုင်ဘဲ စိတ်ညစ်ပြီး ညည်းပြနေရင် အလုပ်မှာ ပြဿ နာတက်ရင်လည်း ဖြေရှင်းနိုင်မယ်မထင်။ ဒီနေ့တွေးမိတဲ့အတွေးလေးပါ။ မည်သူ့ကိုမှရည်ရွယ်ပြီးရေးခြင်းမဟုတ်’’ ဆိုပြီးတော့ ဆက်လက်ရေးသားထားတာ တွေ့ရပါတယ်။

Photo:Thinzar wint kyaw fb

သင်ဇာဝင့်ကျော်ဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ Sexy ဆန်တဲ့ ဖက်ရှင်တွေ အဝတ်များခဲ့သလောက် ၂၀၁၉ မှာ နောက်ထပ် ဖက်ရှင်အပြောင်းအလဲလေးတွေ မြင်ရဦးမယ်လို့ ဒီဇင်ဘာလ ၂၇ ရက်နေ့က Realme C1 Smart Phone မိတ်ဆက်ပွဲမှာ မီဒီယာတွေကိုဖြေဆိုခဲ့ပါတယ်။

''သူ့နေရာနဲ့ သူပေါ့နော်။ အရမ်းကြီးတော့ မဟော့တော့ဘူး။ ၂၀၁၈ မှာ ဟော့ခဲ့သလိုအရမ်းကြီး ဟော့ဖို့ အစီအစဉ်တော့ မရှိတော့ပါဘူး။ ပြောရမယ်ဆိုရင် ၂၀၁၈ က သင်ဇာ့အတွက်အရမ်းကို ကံကောင်းတဲ့ နှစ် တစ်နှစ်လို့ ပြောလိ့ုရပါတယ်။ အလုပ်တွေလည်းအများကြီးလုပ်ရတယ်။ ပရိသတ် အသစ်တွေ လည်း အများကြီး ထပ်ရတယ်ပေါ့နော်။ မချစ်တဲ့ပရိသတ်တွေလည်း ချစ်လာကြ တယ်ဆိုတော့ အရမ်းကိုကောင်းတဲ့နှစ်လို့ သုံးသပ်လို့ရပါတယ်''လို့ သူက ဆိုပါတယ်။

Photo:Thinzar wint kyaw fb

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။ အခုနောက်ပိုင်းမှာတော့ သူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြား ရေပန်းစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က