ချစ်သူတော်ခွင့်ရခဲ့မယ်ဆိုရင် ပျော်မိမှာ။

ဟိန်းမင်းသူက သင်ဇာဝင့်ကျော်လို မိန်းကလေးမျိုးကိုသာ ချစ်သူတော်ခွင့်ရခဲ့မယ်ဆိုရင် ပျော်မိမှာပဲလို့ ပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း သင်ဇာဝင့်ကျော်ရဲ့ အနုပညာကို အားပေးတဲ့သူတစ်ယောက်ပါတဲ့။

Photo: Hein Min Thu



ဟိန်းမင်းသူက သင်ဇာဝင့်ကျော်ကို သဘောကျမိတဲ့ အချက်တွေရှိတယ်လို့ Duwun Media ကနေပြောပြလာပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ Facebook Status တိုင်းကိုလည်း လေ့လာဖြစ်တယ်လို့ ပြောပြခဲ့ပါသေးတယ်။

‘’ နံပတ် ၁ က သူက အရမ်း Confidence ရှိတယ်။ သူများတွေကို သိပ်ဂရုမစိုက်ဘူး။ သူလုပ်နေတဲ့လမ်းကို သူလျှောက်တယ်။ သူ Status တင်ထားတဲ့တစ်ခုကို ကျွန်တော်ကြည့်လိုက်တယ်၊ သူတွေးတဲ့ အတွေးအခေါ်ကအစ သူများတွေးတာနဲ့ မတူဘူးလို့ထင်တယ်။ ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို အရမ်းသဘောကျတယ်’’ လို့ သူကဆိုပါတယ်။

Photo: Hein Min Thu

ဟိန်းမင်းသူဟာ သင်ဇာဝင့်ကျော်လို မိန်းကလေးပုံစံမျိုးကို သဘောကျတယ်လို့ ဆိုပါတယ်။ အကယ်၍သာ ချစ်သူတော်ခွင့်ရခဲ့မယ် ဆိုတဲ့ ခံစားချက်ကိုလည်း အခုလို ရင်ဖွင့်ပြောပြထားပါတယ်။

‘’ ကျွန်တော်က သူ့လို မိန်းကလေးမျိုးကို ကြိုက်ပါတယ်။ မသင်ဇာလို မိန်းကလေးမျိုးသာ ချစ်သူတော်ရမယ်ဆိုရင် ပျော်မှာပေါ့နော်။ သူနဲ့ အလုပ်လုပ်ရတဲ့အခါမှာလည်း သူက သရုပ်ဆောင်အရမ်းတော်တဲ့ မင်းသမီးတစ်ယောက်ပါ။ ဒါပေမယ့် ကျွန်တော်က အရမ်းကြောက်နေတာ။ ကိုယ်အရမ်းကြိုက်တဲ့ မင်းသမီးတစ်ယောက်နဲ့ သရုပ်ဆောင်ရမှာဆိုတော့ လက်ဖျားတွေတောင် အေးနေတာ’’ ဆိုပြီးတော့ အမှတ်တရတွေကို သဘောကျရယ်မောရင်း ဖြေဆိုခဲ့ပါတယ်။

Photo: Hein Min Thu

ဟိန်းမင်းသူက သင်ဇာဝင့်ကျော်နဲ့အတူ Music MTV ရိုက်ကူးရင်း အနုပညာအကြောင်းတွေ လေ့လာဖြစ်တယ်လို့ ဆိုပါတယ်။

‘’ သူ့ဆီက အနုပညာအတွေ့အကြုံတွေ အများကြီးရပါတယ်။ သူ ဘယ်လိုတွေ အလုပ်လုပ်တယ်ဆိုတာပေါ့။ ကျွန်တော် မသိတဲ့ အရာတွေရှိရင်လည်း သူ့ကို မေးပါတယ်’’ ဆိုပြီးတော့ ဇန်နဝါရီလ ၃၁ ရက်နေ့ ညက Shake The World ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Hein Min Thu

ဟိန်းမင်းသူနဲ့ သင်ဇာဝင့်ကျော်တို့ရဲ့ ဓာတ်ပုံတွေဟာ ဇန်နဝါရီလ အတွင်းက အွန်လိုင်းပေါ်မှာ ပျံ့ခဲ့တာဖြစ်ပြီး တွဲနေကြတာလား ဆိုတဲ့ သတင်းတွေအပေါ် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလ အစမှာတော့ သူတို့နှစ်ယောက်ဟာ MTV ရိုက်ကွင်းပေါ်က ဓာတ်ပုံတွေကိုသာ တင်ခဲ့တာဖြစ်ကြောင်း မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ကြပါတယ်။

Photo: Thin Zar Wint Kyaw

ဟိန်းမင်းသူကတော့ မိန်းကလေးပရိသတ်တွေအားပေးမှုအများကြီးပိုင်ဆိုင်ထားတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူဟာဂီတအလုပ်မှာလည်း အောင်မြင်ဖို့ ကြိုးစားနေတဲ့ ဟိန်းမင်းသူကတော့ MRTV-4 ရုပ်သံလိုင်းကထုတ်လွှင့်ခဲ့တဲ့ "အရိပ်" ဇာတ်လမ်းတွဲမှာလည်း ဆေးကျောင်းသား စိုင်းမင်းဆွေဆိုတဲ့ကောင်လေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။။ နောက်ထပ်လည်း "ပျားရည်အိုင်"ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က