ဇွန်လ ၂၉ ဆိုရင်ပဲ တရားဝင် မိတ်ဆက်တော့မယ့် Zenfone 10 ဒီဇိုင်း ကာလာ အနေထား ဘယ်လိုရှိလဲ ဆိုတာကို Leaker ဖြစ်သူ “Evan Blass” ပေါက်ကြားလိုက်ပါတယ်။
Punch-hole Display နဲ့ မြင်ရမယ့် မော်ဒယ်အသစ်မှာ ခပ်ဆန်းဆန်း အစိမ်းရောင်နဲ့ အပြာနု ၊ အနီစသဖြင့် ပါလာနိုင်တာကို ASUS ဖက်က အတည်ပြုခဲ့သလို Compact ဖုန်းကြိုက်သူတွေအဖို့ ရွေးချယ်နိုင်မယ့် မော်ဒယ်လို့လည်း မြင်ပါတယ်။
5.9’ Display သုံးထားမယ့် Zenfone 10 မှာ Metal Frame ကို သုံးစွဲထားပုံရပြီး Fingerprint Power Button ၊ Volume Control တို့ပါတယ် ၊ လုံးဝန်းထားတဲ့ အနားသတ်တွေကို ကြည့်လိုက်ရင် ဒီဇိုင်းပိုင်း သေသပ်မှု ရှိတယ်လို့ ပြောနိုင်ပြီး ပုံပါအတိုင်း ပြူးထွက်နေတဲ့ Dual-camera နဲ့ မြင်ရဖို့ 100% သေချာ နေပါပြီ။
Snapdragon 8 Gen 2 SoC နဲ့ ကြေညာနိုင်ချေ ရှိတဲ့ အဆိုပါဖုန်းမှာ Internal Resolution ဘယ်လောက် ၊ Battery Capacity နဲ့ Charging Rate စသဖြင့် မသိရသေးသလို ပါဝင်လာမယ့် ကင်မရာ နှစ်လုံးရဲ့ Megapixel Count ကို ပေါက်ကြား ထားခြင်း မရှိသေးပါဘူး။
ဒီတခါ Leak ရဲ့ အမြည်းက Compact ဖုန်း ဒီဇိုင်းကို အရောင်ဆန်းဆန်းတွေနဲ့ ထုတ်ပြလိုက်တာလို့ သုံးသပ်နိုင်ပြီး Zenfone 10 ကို Hype နေလား? ဇွန်လ ၂၉ ဆို တရားဝင် ကြေညာမှာမို့ Flagship ဖုန်းတွေနဲ့ ရင်ဘောင်တန်းမယ်လို့ ယူဆရတဲ့ Compact ဖုန်းမှာ ဘာအသစ်တွေ ထပ်ထည့်ဦးမလဲ အတူ စောင့်ကြည့်လိုက်ရအောင်။
Source: GSMArena