ယူနိုက်တက်တို့ အစဥ်အလာအတိုင်းပဲ ရှုံးပွဲကြုံခဲ့ရတာဖြစ်ပါတယ်။

တွမ်မီနေး ကြံ့ခိုင်မှုမပြည့်၊ ဖရက်ဒ်ပွဲပန်းလာတာတောင်မှ တွမ်မီနေးနဲ့မာတစ်ကိုရအောင်သုံးပြီး ဗန်ဒီဘိခ်ကို အရံခုံတင်ထားတဲ့ ဆိုးလ်ရှားရဲ့လုပ်ရပ်က စိတ်ပျက်စရာပါ။ ရော်နယ်ဒို၊ ရပ်ရှ်ဖို့ဒ်၊ ဆန်ချိုတို့ရဲ့ တိုက်စစ်ပိုင်းက အလုပ်မဖြစ်သလို ကွင်းလယ်နဲ့ခံစစ်ကလည်း အမှားမှားအယွင်းယွင်းနဲ့ စောစောစီးစီး ပင်နယ်တီပေးခဲ့ရပါတယ်။



အစ္စမေလ်ဆားလ်ရဲ့ ပင်နယ်တီနှစ်လုံးဆက်တိုက်ကို ဒီဂီယာ ကာကွယ်နိုင်ခဲ့တာကြောင့်သာ ယူနိုက်တက်တို့ သက်သာခဲ့တာပါ။ ဒါပေမယ့်လည်း ယူနိုက်တက် ကစားပုံက စိတ်ပျက်စရာကောင်းခဲ့ပြီး အခွင့်အရေးအချို့ရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့သလို ဝက်ဖို့ဒ်ရဲ့ တိုက်စစ်ကိုလည်း ခက်ခက်ခဲခဲ ခုခံနေရပါတယ်။

ကြာလာတာနဲ့အမျှ ခံစစ်ကလည်း ပြိုဆင်းလာခဲ့ပြီး ဂျိုရှူအာကင်းရဲ့ဂိုး၊ ပင်နယ်တီလွဲခဲ့တဲ့ အစ္စမေလ်ဆားလ်ရဲ့ဂိုးတွေကြောင့် ယူနိက်တက်တို့ ပထမပိုင်းမှာ နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဆိုးလ်ရှားက မထင်ထားတဲ့ အပြောင်းအလဲတွေလုပ်ခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်၊ တွမ်မီနေးတို့နေရာမှာ မာစီရယ်လ်၊ ဗန်ဒီဘိခ်တို့ကို ထည့်သွင်းခဲ့ပြီး ချက်ချင်းဆိုသလိုပဲ ယူနိုက်တက်တို့ ချေပဂိုးရရှိခဲ့ပါတယ်။ ဆန်ချိုရဲ့ဖြတ်တင်ဘောကတစ်ဆင့် ရော်နယ်ဒိုခေါင်းတိုက်ချပေးတာကို ဗန်ဒီဘိခ်က ထပ်ဆင့်ခေါင်းတိုက် ပိတ်သွင်းခဲ့တာပါ။ ရော်နယ်ဒို အခွင့်အရေးတစ်ကြိမ်ရခဲ့သေးပေမယ့် ဘင်ဖော်စတာနဲ့ ထိထွက်ခဲ့တာကြောင့် ယူနိုက်တက်တို့ နစ်နာခဲ့ရပါတယ်။

ပွဲရဲ့အရေးကြီးတဲ့ အချိန်ကာလကို ရောက်ရှိလာချိန်မှာတော့ ထုံးစံအတိုင်း မက်ဂွိုင်းရား ထဖောက်ခဲ့ပါတယ်။ သူ့ခြေထောက်ထဲက ဘောလုံးနဲ့သူအမှားပြုလုပ်မိပြီး ပြိုင်ဘက်ကစားသမားကို ပြစ်ဒဏ်ကျူးလွန်မိတာကြောင့် နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရတာပါ။ ဝက်ဖို့ဒ်အတွက် ပွဲသိမ်းဂိုးတွေကိုတော့ လူစားဝင်ကစားသမား ယာအိုပတ်ဒရိုနဲ့ ဒန်းနစ်တို့က ထောင့်ဖြတ်အနေအထားတွေကနေ သွင်းယူသွားခဲ့ပြီး ဝက်ဖို့ဒ်တို့ ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ် နောက်ဆုံး (၇) ပွဲမှာ ရှုံးပွဲ (၅) ပွဲအထိ ရှိလာခဲ့ပြီး ဆိုးလ်ရှားကိုသာ ဆက်ထားနေသရွေ့တော့ တဖြည်းဖြည်း အဆင့် (၁၀) ပြင်ပအထိ ရောက်သွားဖို့ပဲ ရှိပါတော့တယ်။ 

Share

Loading Next Article...
က္က