မာကို မက်တယ်ရာဇီက ကမ္ဘာ့ဖလားသမိုင်းမှာ အကျော်ကြားဆုံးဖြစ်စဉ်တွေထဲက တစ်ခုဖြစ်လာမယ့် ဖြစ်စဉ်မတိုင်ခင် ဇီဒန်းးကို ဘာပြောခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဂျာမနီက ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အရာတော်တော်များများကြောင့် အမှတ်ရစရာဖြစ်ခဲ့တာဖြစ်ပြီး ရိုနယ်လ်ဒို နာဇာရီယိုက ကမ္ဘာ့ဖလားဗိုလ်လုပွဲ ဂိုးသွင်းစံချိန်ကို ချိုးဖျက်မှု၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ မျက်စိမှတ်ပြမှုနဲ့ အင်္ဂလန်အသင်း နောက်ထပ်တစ်ကြိမ် ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်မှုစတဲ့ ဖြစ်စဉ်တွေ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အားလုံးအမှတ်ရနေတာကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံး ၁၀ မိနစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ခေါင်းတိုက်ချက်ဖြစ်ပြီး ပြင်သစ်နဲ့ အီတလီတို့ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲဟာ အချိန်ပိုထဲကို ရောက်ရှိနေချိန်မှာ ၁-၁ သရေကျနေခဲ့ချိန်မှာ ပြင်သစ်ကွင်းလယ်လူ ဇီဒန်းက အနီကတ်နဲ့ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။
ဇီဒန်းဟာ အလွန်ကောင်းမွန်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ပွဲစဉ်အစောပိုင်းမှာ ဘူဖွန်ကို Panenka ပင်နယ်တီနဲ့ ဂိုးသွင်းယူနိုင်ခဲ့ပြီးနော်က ပြင်သစ်အသင်းဟာ ပင်နယ်တီ အဆုံးအဖြတ်ကို ယုံကြည်မှုအပြည့်နဲ့ ယှဉ်ပြိုင်သွားတော့မှာ ဖြစ်ပါတယ်။
ဇီဒန်းဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝ နောက်ဆုံး ပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်မှာ ကမ္ဘာ့ဖလားကို ၁၉၉၈ ခုနှစ်နောက်ပိုင်း ဒုတိယအကြိမ်မြောက် ကိုင်မြှောက်နိုင်တော့မယ့်ပုံပေါ်ခဲ့ပေမယ့် ပွဲကစားချိန် ၁၁၀ မိနစ်မှာ အရာအားလုံးက ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။
အီတလီနောက်ခံကစားသမား မက်တယ်ရာဇီဟာ တစ်ပွဲလုံး ဇီဒန်းကို အာရုံနောက်အောင် ပေါက်ကရတွေ လိုက်ပြောနေခဲ့ပြီး နောက်ဆုံးမှာတော့ ပြင်သစ်ကွင်းလယ်လူကို စိတ်လွတ်သွားအောင် လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဇီဒန်းရဲ့ ကျော်ကြားတဲ့ ခေါင်းတိုက်ချက်ဟာ တိုက်ရိုက်အနီကတ်နဲ့ အပြစ်ပေးခြင်း ခံခဲ့ရပြီး ပြင်သစ်အသင်းခေါင်းဆောင်က ကမ္ဘာ့ဖလားကို ကျော်ပြီး ဥမင်လျှောက်လမ်းထဲ ဆင်းသွားခဲ့တဲ့ဓာတ်ပုံက အထင်ကရပုံတစ်ပုံဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ IFTV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မက်တယ်ရာဇီက ဇီဒန်းကို ဘာပြောခဲ့လဲဆိုတာ အတိအကျ ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ပါတယ်။ “ကျွန်တော့်ရဲ့ စိတ်အနှောင့်အယှက်ဖြစ်စေမယ့် စကားက ဘာမှမဟုတ်ပါဘူး(NBA မှာ ပြောနေတာနဲ့ နှိုင်းယှဉ်ရင်)။ သူက ကျွန်တော့်ကို သူ့ ဂျာစီပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်။ ကျွန်တော်က ဟင့်အင်း မင်း ညီမကိုပဲ လိုချင်တာလို့ ပြောခဲ့တာပါ”
ဇီဒန်းရဲ့ အနီကတ်နဲ့ ထုတ်ပယ်ခံရမှုကို အံ့အားသင့်ခဲ့လားလို့ မေးမြန်းခဲ့ရာမှာ မက်တယ်ရာဇီက “ဟင့်အင်း။ ကျွန်တော်ဘယ်တုန်းကမှ မအံ့ဩပါဘူး။ ဘာလို့လဲဆိုတော့ ပွဲက မပြီးသေးလို့ပါ။ ဒါပေမယ့် သူ အဲဒါကို လုပ်ခဲ့တဲ့အချိန်မှာ ကျွန်တော် မြက်ခင်းပေါ် လဲကျသွားခဲ့တယ်။ ခင်ဗျား ကျွန်တော့်ကို ကြည့်လိုက်မယ်ဆိုရင် ကျွန်တော် ဘယ်တော့မှ ပြန်မထဘူး။ အနီကတ်မဟုတ်ရင် ကျွန်တော် ဘယ်တော့မှ ပြန်ထမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
Share