နည်းပြရာထူးအတွက် ထွက်ပေါ်နေတဲ့သတင်းနဲ့ပတ်သက်ပြီး ပြောခဲ့တာပါ။

ရီးရဲမက်ဒရစ်အသင်းကို ချန်ပီယံလိဂ် ၃ နှစ်ဆက်ရယူပေးခဲ့တဲ့ ဇီဒန်းကို မန်ချက်စတာယူနိုက်တက်အသင်းက နည်းပြအဖြစ် ခန့်အပ်ဖို့ ဆွေးနွေးနေပြီလို့ သတင်းတွေထွက်ပေါ်နေပြီး ရလဒ်ဆိုးတွေ ဆက်တိုက်ကြုံတွေ့နေရတဲ့ နည်းပြမော်ရင်ဟိုအတွက် မြွေပူရာ ကင်းမှောင့်သလို ဖြစ်စေခဲ့တဲ့သတင်းလို့ ဆိုရမှာဖြစ်ပါတယ်။



fbl-eng-pr-west-ham-man-utd-5bb1b9c8f4f2120274000001.jpg

နည်းပြမော်ရင်ဟိုကို ခရစ်စမတ်ကာလမှာ နည်းပြရာထူးကနေ ဖြုတ်ပစ်တော့မယ်လို့ သတင်းဌာနတွေက ခန့်မှန်းဖော်ပြနေကြပြီး နည်းပြသစ် ဖြစ်လာမယ့်သူဟာ ဇီဒန်းဖြစ်တယ်လို့ ရေးသားနေကြတာဖြစ်ပါတယ်။ အဲဒီလို သတင်းတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရတဲ့ မော်ရင်ဟိုဟာ အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ဖြစ်တဲ့ ပေါ့ဂ်ဘာနဲ့လည်း ဆက်ဆံရေးမပြေလည်တာကြောင့် ဘယ်နေရာသွားသွား စိတ်ရှုပ်စရာအခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

90Min ရဲ့ရေးသားချက်အရ မန်ယူအသင်းရဲ့နည်းပြသစ်ဖြစ်လာဖို့ သတင်းတွေခိုင်ခိုင်မာမာထွက်ပေါ်နေတဲ့ ဇီဒန်းဟာ မော်ရင်ဟိုကို ဖုန်းနဲ့ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ မော်ရင်ဟိုဟာ ဇီဒန်းရဲ့ဖုန်းဝင်လာတဲ့အချိန်မှာ သို့လော၊ သို့လော စဉ်းစားစရာတွေ အများကြီးဖြစ်ခဲ့ပြီး ဖုန်းကိုင်ပြီး ပြောဆိုလိုက်မှသာ စိတ်အေးခဲ့ရတယ်လို့ သိရပါတယ်။

 

ဇီဒန်းက အိုးထရက်ဖို့ဒ်မှာ မော်ရင်ဟိုဟာ အောင်မြင်တဲ့နည်းပြဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပြီး ကန့်လန့်ကာနောက်ကွယ်မှာ နည်းပြမော်ရင်ဟိုရဲ့နေရာမှာ အစားထိုးဖို့အတွက် ကြိတ်ပုန်းခုတ်နေတဲ့ကိစ္စမျိုးတွေမရှိကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်အင်္ဂါနေ့ညမှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ဗလင်စီယာအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နည်းပြမော်ရင်ဟိုအတွက် မဖြစ်မနေအနိုင်ရရှိဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ဇီဒန်းဟာ ရီးရဲမက်ဒရစ်အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး The Mirror က ဇီဒန်းဟာ ရာထူးကနေ ဖြုတ်ခံရမှာစိုးရိမ်ပြီး ဖိအားတွေဝင်နေတဲ့ မော်ရင်ဟိုကို စိတ်သက်သာရာရအောင် ဖုန်းနဲ့ဆက်သွယ်ပြီး စကားပြောဆိုခဲ့တယ်လို့ ရေးသားထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က