ဆရာမတစ်ယောက်နဲ့ ကျောင်းသားကျောင်းသူ ၇ ယောက်ထိခိုက်ပါတယ်။

ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးက အထက်တန်းကျောင်းမှာ စာသင်ခန်းမျက်နှာကျက်ပြိုကျလို့ ဆရာမ တစ်ယောက်နဲ့ ကျောင်းသားတွေ ဒဏ်ရာ ရရှိသွားပြီး ဆေးရုံ တင်ထားရတယ်လို့ ဇီးပင်ကြီးရဲစခန်းက Duwun ကို ပြောပါတယ်။



 

Photo - Mg Kyaw Htay



စက်တင်ဘာ ၇ ရက်နေ့ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စာသင်ခန်းအပေါ်က သစ်သားတန်းတွေပြုကျမှုဖြစ်လို့ ကျောင်းသူ၊ ကျောင်းသား ၇ ယောက်နဲ့ ဆရာမ တစ်ယောက် ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ဇီးပင်ကြီးရဲစခန်းတာဝန်ရှိသူက Duwun ကို စက်တင်ဘာ ၇ ရက်နေ့မှာပြောတာပါ။



အဌမတန်း စာသင်ဆောင် ( ခ ) အခန်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောင်းဆရာမဖြစ်သူဟာ ကျောင်းသား ၂ ယောက်နဲ့ ကျောင်းသူ ၅ ယောက် တို့က မစိုးရိမ်ရတဲ့ ဒဏ်ရာတွေရရှိခဲ့သလို ဆရာမကလည်း ဦးခေါင်းပိုင်းကို ထိမိပေမယ့် မစိုးရိမ်ရဘူးလို့ဆိုပါတယ်။



ဘာကြောင့် ခုလို ပြိုကျပျက်စီးတယ်ဆိုတာကို မသိရသေးပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ အင်ဂျင်နီယာအဖွဲ့နဲ့ အတူသွာရောက်စစ်ဆေးမှုတွေပြုလုပ်နေသလို ဒဏ်ရာ ရရှိသူတွေကို လည်းဆေးရုံမှာ ပို့ဆောင်ကုသနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က