လာမယ့်ရာသီမှာ ခေါ်ယူနိုုင်မှာပါ။

နယ်သာလန်လိဂ်ကလပ်တွေမှာ ကျင်လည်ခဲ့ပြီးနောက် အေဂျက်ဇ်ကို ၂၀၁၆ မှာပြောင်းရွှေ့ခဲ့တဲ့ ဇီယက်က သူ့ရဲ့အကောင်းဆုံးခြေစွမ်းတွေကို ဟော်လန်ထိပ်သီးကလပ်မှာ ပြသနိုင်ခဲ့ပါတယ်။


အေဂျက်ဇ်အသင်းကွင်းလယ်တိုက်စစ်ကစားသမား ဇီယက်က်ို လာမယ့်ရာသီမှာ ချယ်လ်ဆီးအသင်းကခေါ်ယူနိုင်တော့မယ်လို့ နာမည်ကြီးသတင်းထောက်တစ်ဦးဖြစ်တဲ့ ဖာဘရီဇီယိုရိုမန်နိုက သူ့ရဲ့တွစ်တာအကောင့်မှာ ဖော်ပြသွားခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် မော်ရိုကို လက်ရွေးစင်အတွက် ချယ်လ်ဆီးက ပေါင် ၃၈ သန်းသုံးစွဲရမယ်လို့လည်း ရိုမန်နိုက ရေးသားခဲ့ပါတယ်။ 

နယ်သာလန်လိဂ်ကလပ်တွေမှာ ကျင်လည်ခဲ့ပြီးနောက် အေဂျက်ဇ်ကို ၂၀၁၆ မှာပြောင်းရွှေ့ခဲ့တဲ့ ဇီယက်က သူ့ရဲ့အကောင်းဆုံးခြေစွမ်းတွေကို ဟော်လန်ထိပ်သီးကလပ်မှာ ပြသနိုင်ခဲ့ပါတယ်။ ဂိုးဖန်တီးမှုတွေ၊ သွင်းဂိုးအများအပြားကို ဖန်တီးရယူနိုင်ခဲ့ပြီး အေဂျက်ဇ်ရဲ့အဓိကကစားသမားအဖြစ်နဲ့လည်း ရပ်တည်နိုင်ခဲ့ပါတယ်။

အေဂျက်ဇ်နည်းပြတန်ဟက်ကလည်း "အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ ရှိပါတယ်၊ သူ့ကို ပြိးခဲ့တဲ့ရာသီကတည်းက ခေါ်ယူချင်တဲ့အသင်းတွေရှိခဲ့တာပါ၊ ဒါပေမယ့် သူ အသင်းနဲ့အတူ ဆက်ရှိနေခဲ့လို့ ဝမ်းသာကျေနပ်မိပါတယ်" လို့ ဇီယက်ရဲ့ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သကြ်ပီး ကျိန်းသေပေါက်မပြောဆိုခဲ့ပေမယ့် ဖြစ်လာနိုင်တယ်လို့ အရိပ်အမြွက်ပြောဆိုသွားခဲ့ပါတယ်။ 

ဇီယက်ကတော လမ်းပတ်ရဲ့ ချယ်လ်ဆီးနည်းပြဘဝပထမဆုံးခေါ်ယူမယ့်ကစားသမားဖြစ်လာဖွယ်ရာရှိနေပါတယ်။ ဇီယက်ဟာ အေဂျက်ဇ်အတွက် ပွဲပေါင်း ၁၅၇ ပွဲကစားခဲ့ပြီး ၄၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ နယ်သာလန်လိဂ်မှာ အသင်းသုံးသင်းနဲ့ကစားခဲ့ပြီး စုစုပေါင်း ၂၇၉ပွဲ ကစားပေးခဲ့ကာ ၉၄ ဂိုးရယူနိုင်ခဲ့ပြီး ဖန်တီးမှုပေါင်းကလည်း အကြိမ် ၈ဝနီးပါးရှိတယ်လို့ သိရပါတယ်။ 

Share

က္က