သူ့ကိုစောင့်ရှောက်ပေးနေတဲ့သူကို ပျော်ရွှင်အောင် လုပ်ပေးတာ။

နေမကောင်းဖြစ်နေတာတောင် သူ့ကို ကြည့်ရှုစောင့်ရှောက်ပေးတဲ့သူကို ပျော်ရွှင်အောင် ပြန်လုပ်ပေးတဲ့ ကစ်ကစ်ရဲ့ စိတ်သဘောထားက လေးစားဖို့ ကောင်းလှပါတယ်။ ကစ်ကစ်က ခင်သဇင်ကို surprise ပြန်လုပ်တာတဲ့။ ဗီဒီယိုဖိုင်လေးပါ ထည့်ပေးထားတယ်နော်။

 

ဟာသမယ် ကစ်ကစ်က သူ့ကို စောင့်ရှောက်ပေးနေတဲ့ သရုပ်ဆောင် ခင်သဇင်ကို ပျော်ရွှင်အောင် ပြန်လုပ်ပေးခဲ့တာပါ။ ခင်သဇင်ကို ဆေးရုံသို့ ခေါ်ပြီး Surprise လုပ်ပေးခဲ့တာဖြစ်ပါတယ်။

“သူ့ရဲ့ မေမေညီမလေး ကို surprise ခေါ်လုပ်တာလေ။ရှုတင် ချိန်ကြီး ဖုန်းဝင်လာပြီး မကစ်က ညနေ တွေ့ချင်လို့ပါတဲ့။ဟင် .... မနက်ကတင် ဖုန်းပြောထားတာ အကောင်းပါပေါ့။ဘာများ သူထပ်ပြောချင်တာ ရှိလဲ ဆိုပြီး သွားတာသူက ရောက်ရောက်ချင်း ဒါလေး ဖွင့်ကြည့်လိုက် ဆိုပြီး ရုပ်တည်ကြီးနဲ့ ထုတ်ပေးတော့ ကြောင်သွားတာပြီးမှ အိပ်ယာပေါ်ကနေ Surprise တဲ့ ချစ်ဖို့ကောင်းချက်ပဲ” ဆိုပြီး မေလ(၂၈) ရက်နေ့က ခင်သဇင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။



ကစ်ကစ်က ခင်သဇင့်ကို ရေအေးရော၊ ရေပူပါ ထည့်လို့ရတဲ့ ဓာတ်ဗူးလေးတစ်ခု လက်ဆောင်ပေးခဲ့တာပါ။ နေမကောင်းတာတောင် သူမကို ကြည့်ရှုစောင့်ရှောက်ပေးနေတဲ့ ခင်သဇင်ကို ပျော်ရွှင်အောင် လုပ်ပေးခဲ့တဲ့ ကစ်ကစ်ရဲ့ စိတ်သဘောထားကတော့ အရမ်းကို လေးစားဖို့ ကောင်းလှပါတယ်။

ကစ်ကစ်ရဲ့ လက်ဆောင်ကြောင့် ခင်သဇင်တစ်ယောက် ပျော်ရွှင်ခဲ့ရပါတယ်။သူတို့နှစ်ဦးကို ကြည့်ပြီး ပရိသတ်တွေလည်း ကြည်နူးလို့ နေကြပါတယ်။ ခင်သဇင်ဟာ ကစ်ကစ်ရဲ့ ကျန်းမာရေးကို အနီးကပ်စောင့်ရှောက်ပေးနေသူတစ်ဦးဖြစ်ပြီး ဆေးကုသမှု အတွက် လိုအပ်တဲ့ ဆေးဖိုးတွေကိုလည်း ကူညီပေးနေသူ ဖြစ်ပါတယ်။

 


ရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုရောဂါကိုခံစားနေသလို ကျောက်ကပ် ကပါ မကောင်းတဲ့အတွက် အချိန်တော်ကြာ ဆေးကုသမှု ခံယူခဲ့ရ တာကြောင့် အနုပညာအလုပ်တွေနဲ့ရောပရိသတ်တွေနဲ့ပါ အဆက်အသွယ်ပြတ်ခဲ့ရပါတယ်။ ကစ်ကစ်ဟာ ၂၀၁၈ခုနှစ် နှစ်စပိုင်းတုန်းက ကျန်းမာရေး အခြေအနေတော်တော့်ကို မကောင်းခဲ့တာပါ။

Share

Loading Next Article...
က္က