မနေ့ညကပွဲမှာ ကိုယ့်ဂိုးကိုယ်ပထမဆုံးအကြိမ်သွင်းယူမိခဲ့တာပါ။

ကစားသမားဘဝမှာ နာမည်ကျော်ကြားသလောက် စကားလုံးအကြိးကြီးတွေ ပြောဆိုတတ်လို့လည်း ထင်ရှားတဲ့ ဇလာတန်အတွက်တော့ ဒီကိုယ့်ဂိုးကိုယ်သွင်းယူမှုက နည်းနည်းတော့ ကသိကအောက်ဖြစ်ခဲ့ရပါတယ်။


မနေ့ညက ကစားခဲ့တဲ့ ဘိုလော့ဂ်နာနဲ့ အေစီမီလန်ပွဲစဉ်မှာ အေစီမီလန်ဝါရင့်တိုက်စစ်မှူးကြီး ဇလာတန်ဟာ အသင်းအတွက် ခြေစွမ်းပြကာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း ကစားသမားဘဝမှာ ကိုယ့်ဂိုးကိုယ်ပထမဆုံးအကြ
ိမ်သွင်းယူမိခဲ့ပါတယ်။ အသက် ၃၉ နှစ်အရွယ် ဆွီဒင်တိုက်စစ်မှူးကြီးဟာ အသင်းအတွက် ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီမတို််င်ခင် ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာဖြစ်ပါတယ်။ 


ကစားသမားဘဝမှာ ပွဲပေါင်း ၉၀၀ ကျော်ကစားထားတဲ့ ဇလာတန်ဟာ အခုလိုမျိုး မှတ်တမ်းဝင်ခဲ့ပေမယ့် ကို်ယ်တိုင်တစ်ဂိုးသွင်းပြီး တစ်ကြိမ်ဖန်တီးပေးနိုင်ခဲ့လို့ စိတ်သက်သာရာရခဲ့ပါတယ်။ ကစားသမားဘဝမှာ နာမည်ကျော်ကြားသလောက် စကားလုံးအကြိးကြီးတွေ ပြောဆိုတတ်လို့လည်း ထင်ရှားတဲ့ ဇလာတန်အတွက်တော့ ဒီကိုယ့်ဂိုးကိုယ်သွင်းယူမှုက နည်းနည်းတော့ ကသိကအောက်ဖြစ်ခဲ့ရပါတယ်။



ဒဏ်ရာကြောင့်အနားယူခဲ့ရတဲ့ ဇလာတန်ဟာ အေစီမီလန်အတွက် မကြာခင်ကမှ ပြန်လည်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ အေစီမီလန်အတွက် ၄ ပွဲကစားပေးထားကာ ၂ဂိုးသွင်းယူပေးထားပြီး အသက်အရွယ်ရနေပေမ
ယ့် ဂိုးသွင်းနိုင်စွမ်းရှိနေတယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ အေစီကတော့ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးကို တက်ရောက်သွားခဲ့ပြီး နာပိုလီထက် တစ်ပွဲပိုကစားထားပါတယ်။ 


ချန်ပီယံလိဂ်မှာ ၃ ပွဲစလုံးရှုံးနိမ့်ထားပြီး အခြေအနေမကောင်းတဲ့ အေစီမီလန်ဟာ စိးရီးအေမှာတော့ ၉ ပွဲကစားအပြီး ၈ ပွဲအထိအနိုင်ရထားကာ ဂျူဗီနဲ့ပဲ သရေကျထားခဲ့တာဖြစ်ပါတယ်။ ဇလာတန်ကတော့ ဒီသွင်းဂိုးနဲ့ပတ်သက်ပြီး ဘာတွေထပြောဦးမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပြီး ဇလာတန်က OG ရသွားတာမဟုတ်ဘူး၊ OG က ဇလာတန်ကို ရသွားတာလို့ဆိုဦးမလားပါပဲ။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က