ဖေဖော်ဝါရီလထဲမှာ သီချင်းတစ်ပုဒ်ထွက်ဖို့ရှိပါသေးတယ်။

ရွှေမှုံရတီအတွက် ရွှေထူးက နောက်ထပ် အမိုက်စား သီချင်းတွေ ဖန်တီးပေးဦးမယ်လို့ ဆိုပါတယ်။ ဇနီးချောလေးကို သီချင်းတွေ ရေးပေးဖြစ်တဲ့အကြောင်းကိုလည်း သူကပြောပြထားပါသေးတယ်။

Photo: Amazing Grace



ရွှေထူးက ဇနီးချောလေး ရွှေမှုံရတီနဲ့အတူ နောက်ထပ် သီချင်းအသစ်တွေ ဖန်တီးသွားဦးမယ်လု့ိ သိရပါတယ်။ ရွှေမှုံရတီအတွက် သီချင်းတွေ ဖန်တီးပေးဖြစ်တဲ့ရည်ရွယ်ချက်ကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’ တိုင်ပင်ထားတာလေးတွေတော့ရှိပါတယ်။ သူရဲ့ Professional အလုပ်က မင်းသမီးလေ။ သီချင်းဆိုတယ်ဆိုတာကလည်း ကျွန်တော့်အမျိုးသမီးကိုရုပ်ရှင်ရိုက်ပြီး ပြန်လာလို့ ပင်ပန်းနေရင် သူသွင်းထားတဲ့ သီချင်းလေးကို နားထောင်ပြီးတော့ သူစိတ်ပင်ပန်းတာပျောက်အောင် ယောကျ်ားတစ်ယောက်အနေနဲ့ ကျွန်တော်ဖြည့်ဆည်းပေးနိုင်တာကို လုပ်ပေးတာပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: Amazing Grace

ဖေဖော်ဝါရီလထဲမှာ ရွှေမှုံရတီအတွက် ရေးပေးထားတဲ့ သီချင်းအသစ်လေး ပရိသတ်အရှေ့ရောက်လာတော့မယ်လို့ ရွှေထူးက အရိပ်အမြွှတ်ပြောပြလာပါတယ်။

‘’ အရိပ်အမြွှက် ပြောပြရလို့ရှိရင်တော့ ဒီ ၂ လပိုင်းထဲမှာပဲ လာဖြစ်မယ်ထင်တာပဲ။ သူသီချင်းလုပ်ချင်တဲ့အပေါ်မှာ မူတည်ပြီး ကျွန်တော်က လုပ်ပေးရမှာပေါ့နော်။ ပထမဆုံးသီချင်းတုန်းကလည်း ကွိုင်တက်တဲ့ပုံစံမျိုး သီချင်းဆိုတော့ အကုန်လုံးကလည်း ပြောကြတယ်’’ လို့ ဇန်နဝါရီလ ၃၁ ရက်နေ့ညက ကျင်းပပြုလုပ်တဲ့ Shake The World ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Htoo Khant

ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ ပထမဆုံး သီချင်းဖြစ်တဲ့ ‘’ အမှား’’ သီချင်းဟာ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။ ဒီအတွက်ကြောင့်လည်း ဇနီးဖြစ်သူအတွက် ရွှေထူးက ဝမ်းသာပီတိဖြစ်တယ်လို့ ဆိုပါတယ်။

’’ ကျေနပ်တယ်။ သူ့ကို ကျွန်တော်တို့ ဒီဘက်ခေတ် Music အထာကို ဆွဲခေါ်ရတာ ကျေနပ်တယ်။ ဒါပေမယ့်လည်း ဒီထက်မိုက်တဲ့ Music ပုံစံလေးတွေ ကျွန်တော်လုပ်ပေးဦးမှာပါ။ သူအားတဲ့အချိန် နားထောင်ရအောင်၊ အထူးသဖြင့် သူ့ပရိသတ်တွေအတွက်ပါ။ ရွှေမှုံရတီအနေနဲ့ သူ့ပရိသတ်တွေကို သီချင်းလက်ဆောင်ပေးတယ်ဆိုတဲ့ သဘောပါ” လို့ ဆက်လက် ပြောပြထားပါတယ်။

Photo: Amazing Grace

ရွှေထူးဟာ ဂီတအပိုင်းမှာတော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရွှေမှုံရတီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။သူတို့နှစ်ယောက်စလုံးဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ကနေစပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က