သူတို့ အိမ်ထောင်သက်တမ်းက ၁၄ နှစ်ရှိပါပြီ။

ဒီနေ့(မတ်လ ၃၀)ရက်နေ့မှာ ကျရောက်တဲ့ အကယ်ဒမီ ဝါဝါအောင်အတွက် ခင်ပွန်းဖြစ်သူ အောင်ခိုင်က ကြည်နူးစရာကောင်းတဲ့ မွေးနေ့ဆုလေး တောင်းပေးခဲ့ပါတယ်။ ဇနီးဖြစ်သူရဲ့ ဝါသနာအတွက် အောင်မြင်စေချင်တဲ့ သူ့ရဲ့ ဆန္ဒကိုလည်း ဖွင့်ဟ ပြောပြလာပါတယ်။

Photo: Aung Khaing



အောင်မြင်တဲ့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ အကယ်ဒမီ အောင်ခိုင်နဲ့ အကယ်ဒမီ ဝါဝါအောင် တို့ကိုတော့ ပရိသတ်တွေက အရမ်းကို ချစ်ခင်ကြပါတယ်။ ဒီနေ့ဟာ မတ်လ ၃၀ ရက်နေ့ ဇာတ်ပို့သရုပ်ဆောင် ဝါဝါအောင်ရဲ့ မွေးနေ့မှာ ချစ်ရတဲ့ခင်ပွန်းဖြစ်သူ အကယ်ဒမီအောင်ခိုင်က အခုလို မွေးနေ့ ဆုတောင်းပေးထားပါတယ်။

‘’ဘယ်သူတွေဘယ်လိုပြောပြောကိုကို့အပေါ်နားလည်မှုများစွာထားပေးခဲ့တဲ့ ကိုကို့ရဲ့ချစ်ဇနီးမိန်းမိန်း ဒီနေ့ကျရောက်သော  မွေးနေ့မှသည်နောင်နှစ်ပေါင်းများ စွာတိုင်သက်ရှည်ကျမ္မာစိတ်ချမ်းသာပြီးမာမီနဲ့မိသားစုအပေါ်ဒီထက်မကတာဝန် ကျေသောသမီးကောင်းရတနာဖြစ်ပါစေမိန်းမိန်းအရမ်းမြတ် နိုးသောအနုပညာလောကမှာအသက်နဲ့ခန္ဓာမြဲနေသ၍အောင်မြင်သောအနုပညာရှင်အဖြစ်ရပ်တည်နိုင်ပါစေကိုကိုနဲ့လည်း ရိုးမြေကျမခွဲမခွါအတူနေပါရစေ’’ ဆိုပြီးတော့ မတ်လ ၃၀ ရက်နေ့ ၆ နာရီ ၂၄ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Aung Khaing

ဦးအောင်ခိုင်ကတော့ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေတာကို တွေ့ရပါတယ်။ အဲ့ဒီနောက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာလည်း အမှုဆောင် တစ်ဦးအနေနဲ့ ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲ့ဒီနောက် ရုပ်ရှင်နဲ့ ဗီဒီယို လူကြမ်းသရုပ်ဆောင် တွေဖွဲ့စည်းထားတဲ့ ကိုလူချော အဖွဲ့မှာလည်း ဥက္ကဌတစ်ဦးအနေနဲ့ တာဝန်ယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။


Photo: Aung Khaing

ဒီလိုပဲ သရုပ်ဆောင် ဝါဝါအောင်ကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေတာဖြစ်ပြီး မမများ အဖွဲ့ နဲ့အတူ ပရဟိတအလုပ်တွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဝါဝါအောင်ဟာ ၂၀၁၀ ခုနှစ်က ‘’အမေ့ကျေးဇူးဆပ်ဖူးချင်တယ်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ူတို့ ဇနီးမောင်နှံကတော့ အခုဆိုရင် အိမ်ထောင်သက် ၁၄နှစ် ရှိပြီဖြစ်ပါတယ်။ အနုပညာသက်တမ်းတွေကလည်း နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါးလောက်ရှိပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က