စာလေးဖတ်ရတာ ကြည်နူးဖို့ ကောင်းလိုက်တာ။
 ပိုင်ဇေရဲထွန်းက ချစ်ဇနီးချောလေးအတွက် မွေးနေ့ဆုတောင်း စကားလေး ဆိုထားတာပါ။ ချစ်ဇနီးအတွက် ဆုတောင်းပေးထားတဲ့ စာလေးကို ဖတ်ရတာ ကြည်နူးဖို့ ကောင်းလိုက်တာ။

Photo : Amazing Grace



ဒီနေ့(ဧပြီ၂၅ရက်)က သရုပ်ဆောင် ပိုင်ဇေရဲထွန်းရဲ့ ဇနီးချောလေး ဇင်သဲနိုင်ရဲ့ မွေးနေ့ပါ။ ဇနီးချောလေးရဲ့ မွေးနေ့ကိုလည်း ပိုင်ဇေရဲထွန်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ မွေးနေ့ဆုတောင်း စကားလေး ပြောထားတာတွေ့ရပါတယ်။

Happy Birthday အသဲတုံးလေး အသက် ၁၈ နှစ်ထဲက ယောကျာၤးနဲ့ အေးအတူပူအမျှ လက်တွဲလာခဲ့ကြတာခုဆို ၁၄ နှစ်ကြာခဲ့ပီနော်ယောကျ်ား ဆိုးတာတွေကို ခွင့်လွှတ် သည်းခံ နားလည်ပေးပီး အစစအရာရာ လိမ္မာအောင် မီးမီး သားသားတို့ကိုမေတ္တာအပြည့်နဲ့ လိုလေသေးမရှိဆုံးမပဲ့ပြင်ပေးတဲ့ အသဲလေး စိတ်လေးလှသလောက် လူလေးချော ချစ်စရာကောင်းတဲ့ ကျားရဲ့မိန်းမ ယနေ့ ယခုမှစပြီး စိတ်ချမ်းသာခြင်း ကိုယ်ကျမ်းမာခြင်း လိုအင်ဆန္ဒတွေအားလံးု မိန်းမရဲ့ အိမ်မက်တွေအားလုံး အောင်မြင် ပိုင်ဆိုင်နိုင်သော သူဖြစ်ပါစေဗျာ I love ❤️ you “ ဆိုပြီး ဧပြီ(၂၅) ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo : Amazing Grace

ပိုင်ဇေရဲထွန်းနဲ့ ဇနီးဖြစ်သူ ဇင်သဲနိုင်တို့ဟာ အသက် ၁၀ နှစ်ကွာကြာတာဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အိမ်ထောင်ရေးမှာလည်း စိတ်ကောက်လိုက်၊ ပြန်ချော့လိုက်နဲ့ ပျော်စရာကောင်းခဲ့တယ်လို့ ဆိုပါတယ်။

'' စိတ်ကောက်ရင်တော့ ချော့ရတာပေါ့။ အစ်ကိုထင်တယ် စိတ်ကောက်တိုင်း တော်တော်များများကတော့ အစ်ကိုပဲ ချော့ရတာပေါ့။ ပြန်ပြေ တယ်ဆိုတာ သိပ်မရှိဘူး''လို့ ဆိုပါတယ်။ အဲ့ဒီနောက် ဇနီးဖြစ်သူ ဇင်သဲနိုင်ကလည်း ''အစ်မကလည်း ကိုယ်တိုင် ချွဲချင် နွဲ့ချင်လို့ ကိုယ်နဲ့ ၁၀ နှစ်ကွာတဲ့ ယောကျ်ားကို ယူထားတာပါ'' လို့ ရယ်ရယ်မောမောနဲ့ Duwun Media ရဲ့ အင်တာဗျူးမှာ ပြောပြထားပါသေးတယ်။

Photo : Amazing Grace

ရုပ်ရည်ချောမောလှပပြီး ပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းနဲ့ ဇနီးချောလေးတို့က ၂၀၁၈ခုနှစ် (မေလ၂၅ရက်)မှာ အိမ်ထောင်သက်တမ်း (၁၃)နှစ်တိုင်ခဲ့ပါပြီ။ ပိုင်ဇေရဲထွန်း အသက်(၂၈)နှစ် နဲ့ ဇနီးဖြစ်သူက အသက်(၁၈)နှစ်မှာ အိမ်ထောင်တစ်ခုကို ထူထောင်ခဲ့တဲ့ သူတို့နှစ်ယောက်ဟာ အခုဆိုရင် ရင်သွေးလေး သုံးယောက်နဲ့ သာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ခဲ့ပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က