ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ မင်္ဂလာသက်တမ်း ၁၄ နှစ်ပြည့်ပါပြီ။

ဇော်ပိုင်တို့ ဇနီးမောင်နှံကတော့ မင်္ဂလာသက်တမ်း ၁၄ နှစ်ပြည့်ပြီဖြစ်ပါတယ်။ သူတို့ဟာ ချစ်သူသက်တမ်း ၄ နှစ်အကြာမှာ လက်ထပ်ခဲ့ကြတာပါ။

Photo: ဇော်ပိုင်


အဆိုတော်ဇော်ပိုင်နဲ့ မမီမီနေမင်းဝင်း တို့ ဇနီးမောင်နှံက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ မင်္ဂလာသက်တမ်း ၁၄ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒီအတွက် ဇော်ပိုင်က ချစ်ရတဲ့ ဇနီးလေးကို မင်္ဂလာစကားလက်ဆောင် ပါးထားပါတယ်။

‘’မီရေ.. ဒီထက်ပိုကောင်းတဲ့အနာဂတ်တွေနဲ့ငြိမ်းချမ်းပြည့်စုံတဲ့မိသားစုဘဝလေးကို ချစ်ခြင်းမေတ္တာတွေ အပြန်အလှန်နားလည်မှုတွေနဲ့ အခုမင်္ဂလာနှစ်ပတ်လည် ၁၄နှစ်မှ နောင်နှစ်ပေါင်းများ စွာတိုင်အောင်အတူတူလျှောက်လှမ်းကြစို့နော်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက် ၆ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

Photo: ဇော်ပိုင်

ဇော်ပိုင်နဲ့ မမီမီနေမင်းဝင်းတို့ဟာ ချစ်သူသက်တမ်း ၄ နှစ်အကြာမှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ မင်္ဂလာပွဲဆင်နွှဲခဲ့ကြတာပါ။ အိမ်ထောင်သက် ၇ နှစ်ကြာမှ သားလေး ရွှေပိုင်ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်လည်း သားလေးက အသက် ၇ နှစ်ပြည့်ပြီးပြီလို့ သိရပါတယ်။

ရွှေပိုင်ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူဟာ ငယ်ငယ်လေးကတည်းက ကလေးပစ္စည်းကြော်ငြာတွေကို တစ်ယောက်တည်းဖြစ်စေ၊ မိသားစုနဲ့ အတူဖြစ်စေရိုက်ကူးခဲ့ရတာပါ။ ပရိသတ်တွေကလည်း ရွှေပိုင်လေးကို ဒီကြော်ငြာတွေကနေတဆင့် သိရှိလာခဲ့တာဖြစ်ပါတယ်။

Photo: ဇော်ပိုင်

သဘာဝပတ်ဝန်းကျင်နဲ့ တိရစ္ဆာန်လေးတွေရဲ့အကြောင်းကို စိတ်ဝင်တစားရှိလှတဲ့ ရွှေပိုင်လေးက ခရီးထွက်တဲ့နေရာတိုင်း တိရစ္ဆာန်ရုံကို မရောက် ရောက်အောင် သွားတတ်တယ်လို့ ဇော်ပိုင်က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ မိသားစု အားလပ်ရက်တွေမှာလည်း တခြားနေရာတွေထက် တိရစ္ဆာန်ရုံကို အရောက်များတယ်လို့လည်း ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: ဇော်ပိုင်

ဇော်ပိုင်ကိုတော့ ‘’မင်း နဲ့မှ ချစ်တတ်ပြီပေါ့’’ ဆိုတဲ့ တေးသီချင်းနဲ့ ပရိသတ်တွေ ပိုပြီး အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာလည်း သူ သီဆိုလိုက်တဲ့ သီချင်းတိုင်းက လူငယ်ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူကျခဲ့ပါတယ်။ လက်ရှိအချိန်အထိလည်း ဂီတအလုပ်တွေကို ဆက်လက် လုပ်ကိုင်နေတုန်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က