အဝေးက ကြည့်နေရရင်တောင် ကျေနပ်ပါတယ်တဲ့။

ရွှေမှုံရတီရဲ့ ပျော်ရွှင်မှုတွေကြောင့် ရွှေထူးကတော့ ကျေနပ်ပီတိဖြစ်ရတဲ့အကြောင်း ရင်ဖွင့်ပြောပြလာပါတယ်။ သူတို့ ဇနီးမောင်နှံရဲ့ ပထမဆုံးရုပ်ရှင်ကားကြီးဖြစ်တဲ့ ‘’ဧည့်သည်’’ ဇာတ်ကားကလည်း မကြာခင် ရုံတင်တော့မှာပါ။

Photo: Amazing Grace



ရွှေထူးကတော့ သူ အရမ်းချစ်နေရတဲ့ ဇနီးလေးရဲ့ ပျော်ရွှင်မှုကိုပဲ အမြဲတောင့်တ နေတတ်သူဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြတဲ့ ချစ်သူတွေကနေတဆင့် အခုဆိုရင် ဇနီးမောင်နှံ ဘဝကို ရောက်ရှိနေကြပါပြီ။

‘’တစ်ခါတစ်လေ သူပျော်ရွှင်နေရင် အဝေးကကြည့်နေရလည်း ကျေနပ်တယ်’’ ဆိုပြီးတော့ ရွှေထူးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မေလ ၂၃ ရက်နေ့ ညနေ ၆ နာရီကျော်က ရေးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ရွှေမှုံရတီကလည်း ‘’ Love u papa my ပါရမီဖြည့်ဖက်’’ ဆိုပြီးတော့ comment ပြန်လည်ပေးခဲ့တာကို တွေ့ရပါတယ်။

Photo: MOe Htet

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မေလ ၃၀ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သူတို့ နှစ်ယောက်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အမှတ်တရများစွာ ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ ဧည့်သည် ရုပ်ရှင်ဇာတ်ကားထဲမှာ ရွှေထူးရဲ့ ကာရိုက်တာနာမည်က နေလ ဖြစ်ပါတယ်။ ရွှေမှုံရဲ့ကာရိုက်တာ နာမည်ကတော့ မြူမိုး ဖြစ်ပါတယ်။

Photo: Amazing Grace

ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Photo: Shwe Htoo

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ ပထမဆုံး အတူတူသီဆိုထားတဲ့ ‘’အမှား’’ သီချင်းကလည်း ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရွှေထူးက ဇနီးချောလေးအတွက် သီချင်းအသစ်တွေ ဖန်တီးပေးဦးမှာ ဖြစ်သလို သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က