အိမ်ထောင်သက် ၁ နှစ်ရှိပါပြီ။

သရုပ်ဆောင်ထူးခြားက ဇနီးချောလေး မခိုင်ဦးဆီက မွေးနေ့လက်ဆောင်အဖြစ် စိန်လက်စွပ်ရရှိခဲ့ပါတယ်။ သူဟာ အက်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်အခိုင်အမာ ရရှိလာသူတစ်ယောက်ဖြစ်ပါတယ်။

Photo: Htoo Char



မေလ ၁၅ ရက်နေ့က သရုပ်ဆောင် ထူးခြားရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့မှာတော့ အမှတ်တရ အနေနဲ့ ဇနီးချောလေး မခိုင်ဦးဆီက စိန်လက်စွပ် လက်ဆောင်ရလို့ အရမ်းပျော်နေပါတယ်။

‘’ မိန်းမတိုက်တဲ့မွေးနေ့ Surprise အရမ်းကြိုက် မိန်းမကိုအရမ်းချစ်ပါတယ်ဆိုတဲ့အကြောင်းပြောရင်း’’ ဆိုပြီးတော့ မေလ ၁၄ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ဇနီးချောလေးပေးတဲ့ မွေးနေ့လက်ဆောင်ကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံရိုက်ပြီး တင်ခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ ၂၀၁၇ ခုနှစ် မေလအတွင်း မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းဟာ ၁ နှစ်ရှိပြီဖြစ်ပါတယ်။

Photo: Htoo Char

ထူးခြားကိုတော့ အက်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အော်ရဂျင်နယ် ဂိုဏ်းစတားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေ ပိုသတိထားမိခဲ့ကြပါတယ်။ လက်ရှိမှာလည်း သူဟာ အက်ရှင်ဇာတ်ကား တော်တော်များများရိုက်ကူူးနေရတာဖြစ်ပြီး ပရိသတ်အခိုင်အမာ ရရှိလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

Photo: Htoo Char

အက်ရှင်ဇာတ်ကားတွေမှာ အများဆုံး ပါဝင်သရုပ်ဆောင်ရတဲ့ ထူးခြား( Htoo Char)ကိုတော့ ခပ်မိုက်မိုက်၊ ခပ်ဆိုးဆိုး လူငယ်တစ်ယောက် ကာရိုက်တာအဖြစ် ပါဝင်ရသူပါ။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က တက်တူးတွေ၊ သူ့ရဲ့ မျက်နှာ အမူအရာ၊ အရပ်အမောင်းတွေ ဟာလည်း အက်ရှင်ဇာတ်ကား နဲ့ လိုက်ဖက်မှုရှိတာကိုလည်း တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က