အရင်တုန်းကထက် ပြောင်းလဲလာပါပြီ။

ကောင်းကောင်းဟာ သားလေးအတွက် စံပြဖခင်တစ်ယောက်ဖြစ်အောင် ကြိုးစားနေပါတယ်တဲ့။ အဲဒီနောက် ဇနီးချောလေးကလည်း သူ့ရဲ့ ဂီတအလုပ်တွေအတွက် အထောက်အပံ့ကောင်းတွေအများကြီးရတယ်လို့ ဆိုပါတယ်။

photo: Xiao Mei Mei

အဆိုတော်ကောင်းကောင်းက သူပိုင်ဆိုင်ထားတဲ့ မိသားစုဘဝလေးအကြောင်းကို ပြောပြလာပါတယ်။ လက်ရှိမှာ တစ်ဦးတည်းသော သားလေး ‘’အိုမဟာ’’ကို ပိုင်ဆိုင်ထားတာဖြစ်လို့ အလုပ်တွေ ပိုကြိုးစားဖြစ်တယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ သားလေးရတဲ့အခါမှာ ပိုကြိုးစားလာတယ်လို့ပြောလို့ရပါတယ်။ အရင်တုန်းကတော့ လူပျိုဆိုတော့ သွားသွားလာလာ သိပ် Serious မထားဘူး။ သားလေးရလာတဲ့အခါမှာ ကိုယ် ပိုကြိုးစားရမယ်၊ စာတွေပိုဖတ်လာရတဲ့အခါမှာလည်း ထွက်လာတဲ့အရာက အရင်ကထက် မတူဘူးလို့ ထင်ပါတယ်’’ လို့ ဆိုပါတယ်။



photo: Xiao Mei Mei

အဲဒီနောက် သားလေးအတွက် စံပြဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင်ဖြစ်ပုံတွေပြောပြလာပါတယ်။ သူကိုယ်တိုင်လည်း ပြောင်းလဲသွားတဲ့ အရာတွေ များတယ်လို့ ဧပြီလ ၁၁ ရက်နေ့က Bawdar ဘီယာ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

‘’ ပိုချောလာတယ် ထင်တာပဲ။ အရင်တုန်းက လူငယ်အရမ်းဆန်တယ်။ စကားပြောတာတွေ၊ နေတာထိုင်တာတွေ၊ ကျွန်တော်က စကားအပြောအဆို သိပ်မတတ်ဘူး၊ လူပုစိတ်တို၊ အခုကျတော့ အဲဒီလို နေလို့မရတော့ဘူး၊ သားက ကိုယ့်ကို ကြည့်ခြင်းအားဖြင့် သူ ဖတ်စရာဖြစ်တဲ့ စာအုပ်တစ်အုပ်၊ သူဖတ်ရမယ့် စာတစ်ပုဒ် ဖြစ်အောင် ကျွန်တော်နေပါတယ်။ အရင်တုန်းကထက် အစစအရာရာပြောင်းလဲအောင် ကျွန်တော် Change လိုက်ပါပြီ’’ လို့ သူကဆိုပါတယ်။ 

photo: Xiao Mei Mei

ကောင်းကောင်းရဲ့ ဂီတအနုပညာအလုပ်အပေါ်မှာလည်း ဇနီးချောလေးက အပြည့်အဝ ပံ့ပိုးကူညီအကြံပေးတာတွေရှိတယ်လို့ ဆိုပါတယ်။

‘’ရေရေလည်လည်ကောင်းပါတယ်ခင်ဗျ။ ပြောရင် ကြွားရကျဦးမယ်။ သူက ကျွန်တော့်အတွက် အရာအားလုံးပဲ။ ကျွန်တော်စားသည်ဖြစ်စေ၊ သွားသည်ဖြစ်စေ၊ လာသည်ဖြစ်စေ၊ ပြောသည်ဖြစ်စေ၊ သူက အမြဲတမ်းကျွန်တော့်ကို Control လုပ်ပေးနိုင်တယ်။ ကိုကို ဘယ်နေရာမှာ အားနည်းချက်ရှိတယ်၊ ကိုကို အဲဒါပြင်ပေါ့။ သူပြင်လို့မရတာ အစားအသောက်တစ်ခုပဲရှိတယ်။ ကျွန်တော့်အမျိုးသမီးက ကျွန်တော့်အတွက် အရမ်းချစ်ဖို့ကောင်းပါတယ်’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။ 



photo: Xiao Mei Mei

ကောင်းကောင်းဟာ ဂီတအလုပ်တွေကို အရင်ကထက်ပိုပြီး လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ ဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေတယ်လို့ သိရပါတယ်။ ကောင်းကောင်းဟာ ၂၀၀၈ ခုနှစ် Melody World သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုအများကြီး ရရှိလာတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က