ရွှေထူးက ရွှေမှုံအတွက် မွေးနေ့ဆုတောင်း စကားပြောရင်းနဲ့ ရင်သွေးလေး လိုချင်ကြောင်းကိုလည်း ပြောထားပါသေးတယ်။
Photo : ရွှေထူး
ဒီနေ့က သရုပ်ဆောင်ရွှေမှုံရတီရဲ့ အသက်(၂၂)နှစ်ပြည့်မွေးနေ့လေးပါ။ ဒီနေ့မှာကျရောက်တဲ့ ဇနီးချောလေး ရွှေမှုံအတွက် ရွှေထူးက ယခုလို မွေးနေ့ဆုတောင်းလေး တောင်းပေးထားပါသေးတယ်။
“ချစ်ရသော ငါ့ရဲ့ မိဖုရားရေ... ယနေ့ အသက် ၂၂ ပြည့်မွေးနေ့မှသည်... နှစ်ပေါင်းများစွာအထိ... ပျော်ပျော်ရွှင်ရွင် စိတ်ချမ်းသာကိုယ်ကျန်းမာပြီး မိဘ ညီအကိုမောင်နှမ ပရိသတ် သူငယ်ချင်း မိတ်ဆွေအပေါ်မှာ တာဝန်ကျေပြွန်တဲ့ မိန်းကလေး တစ်ယောက်ဖြစ်ပါစေဗျာ။ စာတွေအများကြီး မရေးတော့ဘူး။ဓာတ်ပုံအဟောင်းလေးတွေတင်ပြီး ဆုတောင်းပေးလိုက်ပါတယ် “ ဆိုပြီး မေလ(၁၆) ရက်နေ့ က ရွှေထူးရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
Photo : ရွှေထူး
ရွှေထူးက ဇနီးအတွက် မွေးနေ့ဆုတောင်းစကားပြောရင်း ကလေးလိုချင်ကြောင်း လည်းပြောထားပါသေးတယ်။
“အလုပ်တွေအတူကြိုးစားကြမယ်... ကလေးလိုချင်တယ်” လို့ ဆိုပါတယ်။
ပရိသတ်တွေကလည်း ရွှေမှုံရတီမွေးနေ့အတွက် မွေးနေ့ဆုတောင်းတွေ တောင်းပေးထားကြပါတယ်။
ရွှေမှုံကတော့ ဒီနှစ်မွေးနေ့လေးမှာ အလှူအတန်းတွေ အများကြီး လုပ်ခဲ့ပါသေးတယ်။ မေလ(၁၅) ရက်နေ့ကမွေးနေ့အလှူအနေနဲ့ သူမကိုယ်တိုင် ချက်ထားတဲ့ ထမင်းဟင်းတွေနဲ့ စားရိက္ခာတွေကို အလှူလုပ်မယ်ဆိုပြီးပြောထားတာတွေ့ရပါတယ်။
Photo : ရွှေထူး
သူမဟာ မွေးနေ့ ရောက်တိုင်း အမြဲတမ်း အလှူအတန်းတွေ လုပ်ရင်း ဖြတ်သန်းလေ့ရှိသူပါ။ ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့ အတူတူ လမ်းဘေးခွေးလေးတွေကို မကြာခဏ အစာကျွေးတဲ့ အလှူလေးတွေလည်း ပြုလုပ်လေ့ရှိ ပါတယ်။ ဒီနှစ်မွေးနေ့ကိုလည်း အလှူအတန်းတွေနဲ့ပဲ ဖြတ်သန်းမယ့် ရွှေမှုံဟာ နောက်နှစ်တွေမှာ ပရိသတ်တွေနဲ့အတူ ဖြတ်သန်းချင်တယ်ဆိုပြီး မေလ(၁၅)ရက်နေ့က live မှာပြောထားတာတွေ့ရပါတယ်။
ရွှေထူးနဲ့ရွှေမှုံရတီတို့ရဲ့ အိမ်ထောင်ရေးကတော့ (၁)နှစ်ကျော်ထဲကို ရောက်ရှိနေပါပြီ။ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ၂၀၁၈ခုနှစ် အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။
အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။