၅၀၀၀ တန် အထပ်လိုက်ပါပဲ။

သားညီက ဇနီးချောလေးအတွက် ချစ်သူများနေ့ လက်ဆောင်အဖြစ် ၅၀၀၀ တန်ငွေ အထပ်လိုက် ပေးခဲ့တာဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံက အိမ်ထောင်သက်တမ်း ၁၂ နှစ်ကျော်ခဲ့ပါပြီ။

Photo: သားညီ

ဒါရိုက်တာ သားညီက ‘’ချစ်သူများနေ့’’ အမှတ်တရအဖြစ် ဇနီးဖြစ်သူ မဇာခြည်ဝင်းစံ ကို ၅၀၀၀ တန် အထပ်လိုက်ပါတဲ့ ငွေကျပ် ၁၀ သိန်းပမာဏရှိတဲ့ လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။ အိမ်ထောင်သည်ဘဝမှာ Ro တာထက် လိုတာကို ပိုဦးစားပေးဖြစ်တယ်လို့ ဆိုပါတယ်။

‘’ကျွန်တော်တို့ မချမ်းသာပါဘူး။ ဒါပေမယ့် ကိုယ့်လုပ်အားနဲ့ကိုယ် ရှာတဲ့ပိုက်ဆံကိုတော့ တန်ဖိုးထားပါတယ်။ အသက်ကြီးလာတော့ စိတ်ကူးယဉ်မဆန်တော့ဘူး။ လက်တွေ့ပိုဆန်လာတယ်။ Ro တာမပေးတော့ဘူး။ လို တာပဲပေးတော့မယ်။ ချစ်သူများနေ့အတွက် လက်ဆောင်ပါ မိန်းမရေ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: သားညီ

သားညီတို့ ဇနီးမောင်နှံဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ က မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြ တာဖြစ်ပါ တယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာတော့ မင်္ဂလာသက်တမ်း ၁၂ နှစ်ပြည့်ပြီးခဲ့ပါပြီ။ သူတို့ ဇနီးမောင်နှံမှာတော့ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

Photo: သားညီ

ဒါရိုက်တာသားညီဟာ သရုပ်ဆောင်ဒွေး(ခ) ကိုသားကြီးရဲ့ ချစ်လှစွာသော ညီအရင်းတစ်ယောက်ဖြစ်ပါတယ်။ အရင်က သရုပ်ဆောင် အလုပ် တွေ ကိုလည်း အစ်ကိုဖြစ်သူနဲ့အတူ လက်တွဲအလုပ်လုပ်ခဲ့ပါသေးတယ်။ ဒွေးသေဆုံးသွားပြီးတဲ့နောက် သားညီကလည်း အနုပညာလောကနဲ့ အနည်းငယ် ဝေးကွာသွားခဲ့ပါသေးတယ်။

Photo: သားညီ

ခုနောက်ပိုင်းမှာတော့ အနုပညာလောကထဲ ပြန်လည်ဝင်ရောက်လာတဲ့ သားညီဟာ ယခင်ကလို သရုပ်ဆောင်ပိုင်းတင်မက ဒါရိုက်တာဘက်ကိုပါ အားကြိုးမာန်တက်နဲ့ကြိုးစားလာတာကိုတွေ့ရပါတယ်။ အခုဆိုရင် ဇာတ်ကားတော်တော်များများကို ဒါရိုက်တာ လုပ်လာပြီဖြစ်ကာ ဒါရိုက်တစ်ယောက်အနေနဲ့ ပရိသတ်တွေကပါ လက်ခံလာကြတာကိုလည်း တွေ့ရပါတယ်။ သားညီအနေနဲ့သရုပ်ဆောင် ဘဝမှာ ဖန်တီးခွင့်မရတာလေးတွေကို ဒါရိုက်တာ ဘဝမှာ ဖန်တီးခွင့်ရလာတယ်လို့လည်း ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

Share

Loading Next Article...
က္က