သရုပ်ဆောင် လူမင်းက ဇနီးချောလေး ခင်စံပယ်ဦးရဲ့ မွေးနေ့မှာ အာရုံဆွမ်းလောင်းအလှူ၊ သွေး အလှူ စတဲ့ ကုသိုလ်တွေကို အတူတူပါရမီဖြည့်ဆည်းပေးခဲ့ပါတယ်။
Photo: ဧရာဝတီလူမင်း
ဒီနေ့ (မေလ ၂၁)ရက်နေ့က သရုပ်ဆောင်လူမင်းရဲ့ ဇနီး ခင်စံပယ်ဦးရဲ့ အသက် ၃၅ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့ အမှတ်တရ အနေနဲ့ ဇနီးမောင်နှံ နှစ်ယောက်အတူ ကုသိုလ်အလှူတွေ လုပ်ဆောင်ခဲ့တယ်လို့ ခင်စံပယ်ဦးက ပြောပါတယ်။
‘’၃၅ နှစ်ပြည့်မွေးနေ့မှာ မနက်အမေနဲ့အတူ အာရုံဆွမ်းလောင်း၊ အမေ့ကိုကန်တော့သွေးလှူ(ကလေး၂ယောက်ကဖျား)မွေးနေ့ကိုသတိရမွေးနေ့ဆုတောင်းပေးကြသူတွေရော၊ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်’’ ဆိုပြီးတော့ ဧရာဝတီလူမင်း ဖေ့စ်ဘွတ်အကောင့်မှာ မေလ ၂၁ ရက်နေ့ ညနေ ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: ဧရာဝတီလူမင်း
အဲဒီနောက် မွေးနေ့တစ်နေ့တာလုံး ဖြတ်သန်းခဲ့ရတဲ့ အလှူ အမှတ်တရတွေကိုလည်း ဓာတ်ပုံတင်ထားတာ တွေ့ရပါတယ်။ အဲဒီနောက် လူမင်းနဲ့ ခင်စံပယ်ဦးတို့ ဇနီးမောင်နှံကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းစကားတွေနဲ့ အတူ ကုသိုလ်အလှူအတွက် သာဓု ၃ ကြိမ် ခေါ်ဆို ခဲ့ကြတာဖြစ်ပါတယ်။
Photo: ဧရာဝတီလူမင်း
လူမင်းက ဇနီးဖြစ်သူ ခင်စံပယ်ဦးနဲ့ အိမ်ထောင်သက်တမ်း ၁၄ နှစ်ကျော် ၁၅ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံမှာတော့ ဧရာဝတီလူမင်းနဲ့ ဧဝရတ်လူမင်း ဆိုတဲ့ ချစ်စရာကောင်းတဲ့ သားနဲ့ သမီးနှစ်ယောက်ရှိပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ သူတို့ရဲ့ မိသားစု ဘဝလေးကိုလည်း အားမကျတဲ့ ပရိသတ် မရှိသလောက်ပါပဲ။
Photo: ဧရာဝတီလူမင်း
ထပ်ဆင့်အကယ်ဒမီ လူမင်းဟာ၂၀၁၃ ဇွန်လက စတင်ကာ ၂၀၁၇ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ် လေးနှစ်ကျော် ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်ပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုပေးပွဲမှာတော့ Actor In A Supporting Role Awardဆုကို ငယ်ကျွန် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။