ဇော်ပိုင်အတွက်ကတော့ ဇနီးဖြစ်သူရဲ့ မွေးနေ့ Surprise ကြောင့် အံ့သြမဆုံးအောင် ဝမ်းသာခဲ့ရတယ်လို့ ဆိုပါတယ်။ မေမေ နဲ့အတူ ဖေဖေ့ကို Surprise လုပ်ပေးခဲ့တဲ့ သားလေး ရွှေပိုင်ကိုလည်း ချီးကျူးစကားဆိုထားပါသေးတယ်။
Photo: Zaw Paiang
အဆိုတော် ဇော်ပိုင်တစ်ယောက် ၂၀၁၉ ခုနှစ်မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့ကတော့ မမေ့နိုင်စရာ အမှတ်တရ တစ်ခုဖြစ်မယ်လို့ထင်ပါတယ်။ ဇနီးဖြစ်သူက လုပ်ပေးတဲ့ မွေးနေ့ Surprise ကြောင့် ဝမ်းသာမဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
‘’ဒီနှစ် မေ ၃၁ ကတော့ ကျွန်တော့်ဘဝရဲ့ ပထမဆုံး အံ့ဩအပျော်ရွှင်ဆုံး မွေးနေ့ပါ
ချစ်ဇနီး လသာ၂ ဘင်ခရာပန်းပွားကျောင်သူဟောင်း က သူ့ သူငယ်ချင်းတွေအကူညီအပြည့် ပံ့ပိုးမှုနဲ့ သားတော်မောင်ကပါပါဝင်ပြီး ဘင်ခရာပန်းပွား နဲ့ Surprise အခန်းအနားကို ကျေးဇူးတင် မဆုံး အံ့ဩအပျော်ဆုံးဖြစ်ခဲ့ရပါတယ်’’ လို့ ဇွန်လ ၂ ရက်နေ့ ည ၁၀နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Zaw Paiang
မွေးနေ့မတိုင်ခင်ကတည်းက မိသားစုနဲ့အတူ အပေါင်းအသင်း၊ သူငယ်ချင်း မိသားစုတွေနဲ့ ခရီးထွက်ကြတယ်လို့ ဆိုပါတယ်။ လုံးဝကို ပီပီပြင်ပြင် Surprise လုပ်ပေးခဲ့ကြသူတွေကိုလည်း ချီးကျူးစကားဆိုခဲ့ပါသေးတယ်။
‘’ခရီးအတူထွက်ခဲ့တဲ့ခရီးစဉ် တစ်ခုလုံးစုံတွဲတွေမိသားစုတွေအားလုံးမှာ အမျိုးသမီးတွေအားလုံး အမျိုးသားတွေရှေ့ အိနြေ္ဒမပျက်ပဲ ကျွန်တော်တို့ အမျိုးသားတွေမသိအောင်Suprise အစီစဉ်ကို လျို့ဝှက်ဆောင်ရွက်သွားခဲ့တဲ့ အတွက် ချီးကျုးလို့မဆုံးပါဗျာ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
Photo: Zaw Paiang
မေမေ့ရဲ့ အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ သားလေး ရွှေပိုင့်ကိုလည်း ဖေဖေ ဇော်ပိုင်က ချီးကျူးစကားဆိုခဲ့ပါတယ်။ ခရီးထွက်ရင်း အပြန်မှာလည်း ရွှေပိုင်အရမ်းချစ်ရတဲ့ ဆင်တွေဆီ အလည်သွားခဲ့ပါသေးတယ်တဲ့။
‘’သားရွှေပိုင်အပါအဝင် သားသားမီးမီးတွေကလည်း လုံခြုံပါ့ဗျာ လုံးဝ သတင်းမထွက်စေရပါ။ ကလေးတွေကိုလည်းစည်းရုံးထိမ်းသိမ်းနိုင်တာလည်း နည်းတဲ့စကေးတွေမဟုတ်ဘူး။ တတ်လည်းတတ်နိုင်တဲ့ မမများပါ။ မွေးနေ့ ခရီးစဉ် နန့်မွန်ကြီး ရေတံခွန်သွားခဲ့ပြီး ဒီနေ့ အပြန်မှာတော့ ထုံးစံအတိုင်း ရွှေပိုင့်ရဲ့ အချစ်ဆုံး ဆင်များရှိတဲ့ ဦးဖိုးကျား ဆင်စခန်းကို ဝင်ခဲ့ပါတယ်''လို့ သူကဆိုပါတယ်။
Photo: Zaw Paiang
ဇော်ပိုင်နဲ့ မမီမီနေမင်းဝင်းတို့ဟာ ချစ်သူသက်တမ်း ၄ နှစ်အကြာမှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ မင်္ဂလာပွဲဆင်နွှဲခဲ့ကြတာပါ။ အိမ်ထောင်သက် ၇ နှစ်ကြာမှ သားလေး ရွှေပိုင်ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်လည်း သားလေးက အသက် ၇ နှစ်ပြည့်ပြီးပြီလို့ သိရပါတယ်။
ရွှေပိုင်ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူဟာ ငယ်ငယ်လေးကတည်းက ကလေးပစ္စည်းကြော်ငြာတွေကို တစ်ယောက်တည်းဖြစ်စေ၊ မိသားစုနဲ့ အတူဖြစ်စေရိုက်ကူးခဲ့ရတာပါ။ ပရိသတ်တွေကလည်း ရွှေပိုင်လေးကို ဒီကြော်ငြာတွေကနေတဆင့် သိရှိလာခဲ့တာဖြစ်ပါတယ်။