ဒီဂီယာအတွက် အခက်ကြုံနေရတာပါ။

ယူနိုက်တက် ဂိုးသမားဟောင်း ဒီဂီယာဟာ ဆော်ဒီအာရေဗျနိုင်ငံမှာ နေထိုင်လိုခြင်းမရှိတဲ့ သူ့ရဲ့ဇနီးသည်ကြောင့် လက်ရှိအချိန်အထိ အသင်းသစ်မရရှိသေးဘူးလို့ သတင်းရင်းမြစ်တွေက ဆိုလာပါတယ်။ ဒီဂီယာဟာ ယူနိုက်တက်မှာ (၉) နှစ်ကြာ ကစားခဲ့တဲ့ အဓိကဂိုးသမားတစ်ယောက်ပါ။



ပြီးခဲ့တဲ့ ဘောလုံးရာသီအကုန်မှာတော့ ဒီဂီယာက ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း မတိုးဖြစ်ဘဲ လမ်းခွဲခဲ့ရပါတယ်။ ဒီဂီယာနဲ့ ယူနိုက်တက်တို့အကြား စာချုပ်သစ်အတွက် သဘောတူညီမှု ရရှိပြီးမှ တန်ဟက်ခ်က ဒီဂီယာကို အသင်းမှာ ဆက်မထားလိုတာကြောင့် ဒီဂီယာတစ်ယောက် ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရတာပါ။

ဒီဂီယာ တစ်ယောက် အသင်းသစ် လွယ်လွယ်ကူကူ ရရှိသွားမယ်လို့ ပရိသတ်တွေက ယူဆခဲ့ကြပေမယ့် လက်ရှိ ဘောလုံးရာသီ စတင်ချိန်၊ အပြောင်းအရွှေ့ကာလ ပြီးဆုံးသွားချိန်အထိ ဒီဂီယာက အသင်းလက်မဲ့ဖြစ်နေဆဲပါ။ သူ့ကို ခေါ်ယူဖို့အတွက် ဆော်ဒီကလပ်တွေက စိတ်ဝင်စားခဲ့ပေမယ့် ဇနီးသည်ဖြစ်သူ ဂါစီယာက ဆော်ဒီနိုင်ငံမှာ နေထိုင်လိုခြင်း မရှိတာကြောင့် ဒီဂီယာက ဆော်ဒီကို မပြောင်းရွှေ့ခဲ့တာပါ။

ဒီဂီယာကိုယ်တိုင်ကလည်း စပိန်နိုင်ငံမှာပဲ ဇနီးသည်နဲ့အတူ အခြေချနေထိုင်လိုနေတာကြောင့် အခုလိုမျိုးပဲ ဆော်ဒီဘက်က ချဉ်းကပ်မှုတွေကို စိတ်မဝင်စားခဲ့တာပါ။ ဒါ့အပြင် ဒီဂီယာက အသင်းကြီးတစ်သင်းမှာ အဓိကဂိုးသမားအဖြစ် ပွဲထွက်ခွင့်မရရှိနိုင်ဘူးဆိုရင် ကစားသမားဘဝကနေ အနားယူသွားဖွယ်ရှိကြောင်းလည်း သတင်းထွက်နေပါတယ်။

ဒီဂီယာအတွက် ပိုက်ဆံက အဓိကမဟုတ်ဘူးလို့ သိရှိရပေမယ့် လက်ရှိ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ အရည်အသွေးမြင့် ဂိုးသမားမြင့်မားနေတာ၊ ဒီဂီယာက Sweeper Keeper မဟုတ်ဘဲ ကစားကွက် ဖော်ဆောင်တဲ့နေရာမှာ ပါဝင်နိုင်ခြင်းမရှိတာတွေကြောင့်လည်း အခုချိန်အထိ အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။  

Share

Loading Next Article...
က္က