လစဉ်ထွက်ရှိနေတဲ့ မိုဘိုင်းဂိမ်းတွေအများကြီးထဲက ကစားလို့ကောင်းမယ်လို့ ယူဆရတဲ့ ဂိမ်း (၇) မျိုးကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

၂၀၁၉ ဇွန်လအတွင်း ထွက်ရှိခဲ့တဲ့အထဲက ဆော့လို့ကောင်းတဲ့ မိုဘိုင်းဂိမ်း ၇ ခုကို ဖော်ပြပေးလိုက်ပါတယ်။


    ကမ္ဘာကြီးရဲ့မိုဘိုင်းဖုန်းဈေးကွက် ကြီးမားလာတာနဲ့အညီ မိုဘိုင်းဂိမ်းဈေးကွက်ဟာလည်း လိုက်ပြီးကြီးမားလာခဲ့ပါတယ်။ အခုအချိန်မှာဆိုရင် မိုဘိုင်းဂိမ်းအသစ်တွေဟာ အပတ်တိုင်း၊ လတိုင်းလိုလိုကို ထွက်ရှိလာနေပါပြီ။ သို့ပေမယ့် အရေအတွက်တွေအရမ်းများလာတာကြောင့် အရည်အသွေးရှိတဲ့ဂိမ်းဟာ ရာခိုင်နှုန်းနည်းလာခဲ့ပါတယ်။


ဒီတစ်ခါမှာတော့ ဇွန်လအတွင်းမှာ ထွက်ရှိခဲ့တဲ့ အရည်အသွေးအကောင်းဆုံး ဂိမ်း ၇ မျိုးကိုတင်ဆက်ပေးသွားပါမယ်။ ဒီဂိမ်းတွေအကုန်လုံးက ကစားသူတွေ အလကားဒေါင်းလုပ်ဆွဲပြီး ကစားနိုင်မယ့် Freemium ဂိမ်းတွေပါ။


Freemium ဆိုတာ ဂိမ်းတွေဖွံ့ဖြိုးလာတဲ့ ဒီဘက်ခေတ်ပိုင်းရောက်မှ ဖြစ်ပေါ်လာတဲ့စကားလုံးတစ်ခုပဲ ဖြစ်ပါတယ်။ ဂိမ်းတစ်ခုဟာ ကစားသူတွေကို အလကားဒေါင်းလုပ် လုပ်ပြီး ကစားခိုင်းမယ်၊ ဒါပေမယ့် သူ့ဂိမ်းထဲမှာပါတဲ့ ဇာတ်ကောင် ဒါမှမဟုတ် ဇာတ်လမ်းနောက်တစ်ခုကို Unlock လုပ်ချင်ရင် တကယ့်ပိုက်ဆံနဲ့ပေးပြီး ဝယ်ရမယ်၊ အဲဒါကို Freemium ဂိမ်းလို့ခေါ်ပါတယ်။


လုံးလုံးလျားလျားအကြီး အလကားမဟုတ်ပေမယ့် အတိုင်းအတာတစ်ခုအထိ အလကားပေးထားတဲ့ ဂိမ်းတွေပေါ့။ ကစားသူအနေနဲ့ ကိုယ်ကြိုက်ရင် ဝယ်ဆော့နိုင်သလို မကြိုက်လည်း မဝယ်ဘဲနေနိုင်ပါတယ်။ ဒီလို Freemium ဂိမ်းတွေထဲကမှ ဇွန်လရဲ့အကောင်းဆုံး ဂိမ်း ၇ ခုကို အောက်မှာဖော်ပြပေးသွားပါမယ်။


1. Nonstop Knight 2

       ဒီဂိမ်းကို Action RPG ဂိမ်းကြိုက်တဲ့သူတွေ တော်တော်သဘောတွေ့မှာပါ။ ဂရပ်ဖစ်က ချစ်ဖို့ကောင်းပြီး Gameplay ပိုင်းကလည်း ဇာတ်လမ်းလေးနဲ့ဆိုတော့ တော်တော်မိုက်ပါတယ်။ RPG ဂိမ်းတွေရဲ့ထုံးစံအတိုင်း အစပိုင်းမှာလွယ်ပြီး နောက်ပိုင်းမှာတဖြည်းဖြည်းခက်လာမယ်။ အဲဒီလိုခက်တဲ့အခန်းတွေကို ကျော်ဖြတ်နိုင်ဖို့ ကိုယ့်ဇာတ်ကောင်ကို လိုအပ်တဲ့ Level ရောက်အောင် Skill အသစ်တွေရလာအောင် ကြိုးစားရမှာပဲဖြစ်ပါတယ်။ ဒီဂိမ်းမှာ Unlock ပြုလုပ်စရာ ဇာတ်ကောင်အသုံးပြုမယ့် Gear နဲ့ Skill တွေအများကြီး ပါဝင်တဲ့အပြင် အပတ်စဉ် ကစားသမားအချင်းချင်းယှဉ်ပြိုင်နိုင်မယ့် Tournament လည်းပါဝင်ပါတယ်။ ဒါ့အပြင် ဂိမ်းဖန်တီးသူတွေကလည်း ဒီဂိမ်းဟာ RPG ဂိမ်းတွေရဲ့အရသာကို အပြည့်အဝ ပေးစွမ်းနိုင်မှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ဘာပဲပြောပြော ဒီဂိမ်းဟာ စမ်းပြီးတော့ဆော့ကြည့်သင့်တဲ့ ဂိမ်းစာရင်းထဲမှာ ထည့်ထားရမှာပါ။


2. Talion


       ဒီဂိမ်းကတော့ တောင်ကိုရီးယားအခြေစိုက်ဂိမ်းကုမ္ပဏီ Gamevil ကထုတ်တဲ့ MMORPG ဂိမ်းပါ။ ဂိမ်းရဲ့အပြင်အဆင် အနေအထား ဂရပ်ဖစ်တွေက တော်တော်ကြီးကိုကောင်းပါတယ်။ ကိုယ်အသုံးပြုမယ့်ဇာတ်ကောင်ရဲ့ ဇာတ်သရုပ်ကိုလည်း စိတ်ကြိုက်ဖန်တီးနိုင်မှာပါ။


နောက်ပိုင်း Mobile MMORPG ဂိမ်းတွေအများကြီးထွက်လာတော့ ကြုံတွေ့နေကျ ပြဿနာ တစ်ခုဖြစ်တဲ့ ကစားစရာ Content နည်းပါးခြင်းပြဿနာ ဒီဂိမ်းမှာရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ကစားစရာ Content နည်းတယ်ဆိုတာ ဥပမာအားဖြင့် ကိုယ်ဆော့နေရင်းတန်းလန်း လုပ်စရာ Quest တွေ ကုန်သွားတာတို့ စသည်ဖြင့်ပေါ့ဗျာ။ နောက်ဒီဂိမ်းကို ဆော့ဖို့ဆွဲဆောင်နေတဲ့ တစ်ချက်ကတော့ 20 vs 20 PVP ပါပဲ။ တစ်ဖက်ကို ကစားသမားအယောက် ၂၀ ဆီ ယှဉ်ပြိုင်တိုက်ခိုက်လို့ရမယ့် Feature ဟာ MMORPG ကစားသမားတွေအတွက်တော့ ပျော်စရာကြီးပဲပေါ့ဗျာ။ ဒီ Talion ဟာလည်း MMORPG ကြိုက်သူတွေ စမ်းတော့ဆော့ကြည့်သင့်တဲ့ ဂိမ်းဖြစ်ပါတယ်။


3. Durango: Wild Lands

       ကစားသူတွေကို ဒိုင်နိုဆောတွေနဲ့ လူတွေ အတူယှဉ်တွဲနေထိုင်တဲ့ ကမ္ဘာကို အရောက်ခေါ်သွားမယ့် Durango: Wild Lands ကတော့ ဒီလထဲမှာ တော်တော်လေးကို နာမည်ရနေတဲ့ဂိမ်းပါ။ ဂိမ်းအမျိုးစားကတော့ ထုံးစံအတိုင်း RPG ပါ၊ ဂရပ်ဖစ်ကလည်း တော်တော်ကောင်းပြီး လှတယ်လို့ဆိုရမှာပါပဲ။


ဒီဂိမ်းမှာ Mulitpalyer လည်းဆော့ကစားနိုင်ပါတယ်။ Multiplayer ကိုမှ ကိုယ်နဲ့အတူ တွဲဆော့မလား ဒါမှမဟုတ် ပြိုင်ဘက်အနေနဲ့ဆော့မလား ဆိုတာကို ရွေးချယ်နိုင်မှာပဲ။ ခုနောက်ပိုင်း ဟော့နေတဲ့ Durango : Wild Lands ကိုတော့ အမြန်ဆုံးစမ်းဆော့ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။


4. Breaking Bad: Criminal Elements

       နာမည်ကျော် TV Series ကို ဂိမ်းအဖြစ်ပြန်လည်အသွင်ပြောင်းထားတဲ့ Breaking Bad: Criminal Elements ကလည်း မကြာသေးခင်ကမှ ထွက်ရှိလာခဲ့ပါတယ်။ TV Series အခြေပြုဂိမ်းကို RPG ပုံစံနဲ့ထွက်မလာဘဲ Builder-Simulation ပုံစံနဲ့ထွက်လာတာ တော်တော်ထူးဆန်းတယ်လို့ပြောရပါတယ်။


Gameplay ပိုင်းကတော့ Builder-Simulation ဂိမ်းတွေမှာတွေ့ရတဲ့အတိုင်း အတူတူပါပဲ။ ထူးခြားသွားတာတစ်ခုက တခြားဂိမ်းတွေမှာ မြို့တည်နန်းတည်တဲ့နေရာမှာ သူကတော့ မူးယစ်ဆေးချက်တဲ့ဓာတ်ခွဲခန်းတွေ တည်ဆောက်ရမှာပဲဖြစ်ပါတယ်။ Breaking Bad ကိုကြိုက်တယ်ဆိုရင်တော့ စမ်းဆော့ကြည့်တာ မလွန်ဘူးပေါ့ဗျာ။


5. Toy Story Drop

       မသိသူမရှိတဲ့ Toy Story ကလည်း Toy Story 4 ရုံမတင်ခင်ကာလလေးမှာတင် Promotion ဆင်းတဲ့အနေနဲ့ Toy Story Drop ဆိုတဲ့ဂိမ်းကို ထုတ်ပေးလိုက်ပါတယ်။ Gameplay ကတော့ လူတိုင်းနဲ့ရင်းနှီးပြီးသား Candy Crush လိုပါပဲ။


ထူးခြားသွားတာတစ်ခုက Story Line ပါလာတာပါ။ တစ်ပွဲနိုင်တိုင်း Toy Story လေးကားထဲက ဇာတ်ဝင်ခန်းတွေကို Unlock လုပ်ပေးသွားမှာပါ။ ဘာပဲပြောပြော Candy Crush လို Match-3 ဂိမ်းမျိုးကို သဘောကျတယ်ဆိုရင် Toy Story Theme လေးနဲ့ ဒီဂိမ်းကို ကစားကြည့်သင့်ပါတယ်။


6. Harry Potter: Wizards Unite

       ထွက်မယ်ဆိုပြီး ပရိသတ်တွေကို အကြာကြီးစောင့်ခိုင်းခဲ့တဲ့ Harry Potter ဂိမ်း Wizards Unite ကတော့ ဇွန်လထဲမှာပဲထွက်ရှိခဲ့ပါတယ်။ Gameplay ကတော့ အားလုံးသိပြီးတဲ့အတိုင်းပါပဲ Pokemon Go လို Location Based Adventure ဂိမ်းပဲဖြစ်ပါတယ်။


အဆိုပါဂိမ်းနှစ်ခုစလုံးရဲ့ ဖန်တီးရှင်ကတော့ Niantic ဂိမ်းစတူဒီယိုဖြစ်ပြီး ဒီဂိမ်းနှစ်ခုစလုံးဟာလည်း တော်တော်ကိုအောင်မြင်တဲ့ဂိမ်းတွေဖြစ်ပါတယ်။ စစထွက်ချင်း တစ်ရက်နှစ်ရက်က မြန်မာနိုင်ငံမှာ ဆော့လို့မရခဲ့ပေမယ့် အခုတော့ အဆင်ပြေသွားပါပြီ။


7. Dota Underlords

       Dota Underlords ဆိုတာ Auto Chess ရေစီးကြောင်းနဲ့အတူ မျောပါလာတဲ့ Valve ရဲ့ကိုယ်ပိုင် Auto Chess အမျိုးအစားဂိမ်းပဲဖြစ်ပါတယ်။ ပြိုင်ဘက်ကုမ္ပဏီတွေက Auto Chess ဂိမ်းတွေအပြိုင်အဆိုင်ထုတ်နေတဲ့အချိန်မှာ Vavle ဟာ သူ့ရဲ့ Dota2 ဇာတ်ကောင်တွေကို အသုံးပြုပြီး Dota Underlords ဆိုပြီး Stand-alone ဂိမ်းတစ်ခုထပ်ထုတ်ပစ်လိုက်တာပါ။


Valve ရဲ့အကွက်ရွှေ့ချက်ဘယ်လောက်ကြမ်းလဲဆိုရင် Dota2 Compendium အတွက် လုံးပန်းနေရတဲ့ကြားထဲကကို ဒီ Underlords ဂိမ်းကို PC ရော မိုဘိုင်းအတွက်ပါ ချက်ခြင်းကောက်ထုတ်ပေးလိုက်တာပါ။ ဒီ Dota Underlords က အကောင့်တစ်ခုရှိရုံနဲ့ PC ရော မိုဘိုင်းမှာပါ ကစားနိုင်မှာပါ။ Auto Chess ဟာ ဒီနှစ်ပိုင်းထဲမှထွက်ရှိလာတဲ့ ဂိမ်းအမျိုးအစားအသစ်ဖြစ်တာကြောင့် Gaming Experience အသစ်တွေကို ရှာဖွေနေသူတိုင်း ဒီဂိမ်းကို စမ်းကစားကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ 


Written by Myo Thant Kyaw

Share

Loading Next Article...
က္က