လက်ရှိထက်အအေးပိုလာနိုင်ပါတယ်။

ဇန်နဝါရီလပထမအပတ်အတွင်းက မြန်မာနိုင်ငံနေရာဒေသတချို့မှာ အချိန်အခါမဟုတ်မိုးရွာသွန်းခဲ့သလို ဇန်နဝါရီ ဒုတိယ(၁၀)ရက်ပတ်အတွင်းမှာလည်း မြန်မာနိုင်ငံအနှံ့အပြား တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှာ အအေးပိုလာနိုင်တယ်လို့ မိုးဝေသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရပါတယ်။

အအေးပိုနိုင်တဲ့ ဒုတိယ(၁၀)ရက်ပတ်အတွင်းမှာပဲ ဒေသတချို့မှာ အချိန်မဟုတ်မိုးရွာနိုင်တယ်လို့လည်းဆိုပါတယ်။

“ ပြီးခဲ့တဲ့ ရက်ပိုင်းက အချိန်အခါမဟုတ်မိုးရွာသွန်းလို့ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေနဲ့ အလယ်ပိုင်းတွေမှာ ညအပူရှိန်တွေက တိုးလာတယ်။ အခုအချိန်အခါမဟုတ်မိုးရွာသွန်းနိုင်တဲ့ အခြေအနေကလည်းကုန်သွားသလောက်ရှိပြီ။ ဒါပေမယ့် ဒေသတချို့မှာတော့ ရွာနိင်သေးတယ်။အခု တရုတ်ပြည်မကြီးကနေထိုးဆင်းလာတဲ့ လေဖိအားနည်းရပ်ဝန်းက နည်းနည်းလေးအားကောင်းလာပြီး မြန်မာနိုင်ငံကိုတဖြေးဖြေးတိုးဝင်လာတယ်။ မြန်မာနိုင်ငံအတွင်းကို တိုးဝင်လာတဲ့ တရုတ်ပြည်မကြီးက လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အအေးပေါ့တဲ့ နေရာတွေမှာ ပြန်အေးလာနိုင်တယ်” လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။

ဇန်နဝါရီလ (၁၁)ရက်နေ့မှ (၂၀)ရက်နေ့အတွင်း မြန်မာနိုင်ငံနေရာဒေသအနှံ့အပြားမှာ လက်ရှိအခြေအနေထက် အအေးပိုလာနိုင်တယ်လို့ ဦးကျော်မိုးဦးကပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာလည်း ယခုရက်ပိုင်းအတွင်း အအေးဒဏ်ကို ပြန်လည်ခံစားရနေပါတယ်။ယင်းကာလအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းစွန်းနဲ့ တောင်ပိုင်းစွန်းလောက်ပဲ မိုးရွာနိုင်တဲ့ အနေအထားရှိပြီး ကျန်တဲ့တိုင်းဒေသကြီးပြည်နယ်တွေမှာတော့ အများအားဖြင့် သာယာနေတဲ့အနေအထားရှိနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က