ရီးရဲမက်ဒရစ်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခံခဲ့ရသူပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့အတွက် တော့တင်ဟမ်ဟော့စပါးကြယ်ပွင့် အဲရစ်ဆင်နဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်ကစားသမား အဲရစ်ဆင်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာခွင့်ရရှိတော့မှာဖြစ်ပါတယ်။

ဒါပေမယ့် တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလကို ၎င်းတို့ရဲ့ကွင်းလယ်ကြယ်ပွင့်အတွက် ပြောင်းရွှေ့ကြေးရယူနိုင်မယ့် နောက်ဆုံးအခွင့်အရေးအဖြစ် အသုံးပြုသွားမယ်လို့ သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်းကလည်း ယခုနှစ်အစောပိုင်းမှာ အဲရစ်ဆင်ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့ပေမယ့် အဲရစ်ဆင်ဟာ ၎င်းတို့ရဲ့ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့ ပထမဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားခြင်းမရှိဘူးလို့ သိရပါတယ်။

El Desmarque ရဲ့ဖော်ပြချက််အရ အဲရစ်ဆင်ဟာ လက်ရှိအချိန်မှာ မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ စောင့်ဆိုင်းရတာ ပင်ပန်းနေပြီလို့ သိရပြီး နောက်ထပ် ရွေးချယ်စရာတွေကို ရှာဖွေနေပြီလို့ သိရပါတယ်။ အဲရစ်ဆင် ပြောင်းရွှေ့နိုင်တဲ့အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်ကလည်း တစ်သင်းအဖြစ် ပါဝင်နေပြီး ပြီးခဲ့တဲ့လက အဲရစ်ဆင်နဲ့ ပြောဆိုဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အဲရစ်ဆင်ဟာ အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာအတွက် ပြီးပြည့်စုံတဲ့ တွဲဘက်ဖြစ်လာလိမ့်မယ်လို့ ရှုမြင်ထားပြီး ယူနိုက်တက်အနေနဲ့ အဲရစ်ဆင်အတွက် စပါးအသင်းကို ပြောင်းရွှေ့ကြေး ၄၂ သန်းနဲ့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

Share

က္က