မျက်စိအောက်တင် အရွယ်ရောက်လာတာနော်။

ငယ်စဉ် ကလေးဘဝအရွယ်ကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သရုပ်ဆောင် ယွန်းယွန်းဟာ ဇန်နဝါရီ(၁၉) ရက်နေ့မှာ အသက်(၁၉)နှစ်ပြည့်မှာ ဖြစ်ပါတယ်။

Photo: ယွန်းယွန်း FB



ငယ်စဉ် ကလေးဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ယွန်းယွန်းဟာ မနက်ဖြန်ဆိုရင် အသက်(၁၉)နှစ်ပြည့်ပါပြီ။ မွေးနေ့မရောက်ခင် ရက်ပိုင်းလောက် သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ငယ်ငယ်တုန်းက ပုံလေးတွေ တင်ရင်းနဲ့ အသက်(၁၉)နှစ် ပြည့်တော့မယ်ဆိုတဲ့ အကြောင်းလေးကို ပြောထားတာပါ။

ဒီကလေးလေးက ၁၉နှစ်တောင်ပြည့်တော့မယ်” ဆိုပြီး ယွန်းယွန်းရဲ့ ဖေ့စ်ဘွတ်မှာ ဇန်နဝါရီ(၁၇) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။ ယွန်းယွန်းရဲ့ ငယ်ဘဝက ပုံရိပ်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်တယ်နော်။

Photo: HUS

ယွန်းယွန်းဟာ ဗီဒီယို ဇာတ်ကားပေါင်း (၃၀၀)ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား(၃၀)ကျော် ရိုက်ကူးထားနိုင်သူ ကလေး သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။ငယ်စဉ်ကတည်းက ကျရာဇာတ်ရုပ်တွေကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သူမဟာ ၂၀၁၂ခုနှစ်က “တိမ်မင်းသမီးရဲ့ ဒဏ္ဍရီ”ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးကလေးသရုပ်ဆောင်ဆု(အထူးဆု)ကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

Photo : Zin Min

အဲ့ဒီနောက် ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ကလေးသရုပ်ဆောင်နေရာက ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ထို့နောက် ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ရင်းနဲ့ ပညာရေးဘက်ကိုလည်း အားသွန်ခွန်စိုက် ကြိုးစားခဲ့တာကြောင့် ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူးနှစ်ခုနဲ့ အောင်မြင်ခဲ့ပါတယ်။

ဆယ်ကျော်သက်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ယွန်းယွန်းဟာ အနုပညာနဲ့ ပတ်သက်ပြီးခေါင်းဆောင်မင်းသမီး အဖြစ် ဇာတ်ကားတွေ ရိုက်နေပြီလို့ သိရပါတယ်။ သရုပ်ဆောင်ယွန်းယွန်းကတော့ သရုပ်ဆောင်တင်တော်တာမဟုတ်ပါဘူး။ ပညာရေးမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ ယွန်းယွန်းက ၂၀၁၆-၂၀၁၇ ခုနှစ် ပညာသင်နှစ် စိတ်ပညာဌာနရဲ့ ပထမနှစ်သင်တန်းမှာ ပညာရည်ချွန် ဒုတိယဆုရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က